မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မကွေးတိုင်းဒေသကြီး မွေးမြူရေးကဏ္ဍဖွံ့တိုးတက်စေရေးအတွက် ပွင့်ဖြူမြို့နယ် မွေးမြူရေး ဇုန်ကောင် အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၂၄ ရက် ယနေ့ နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပြည်လုံးကျော်ကျေးရွာအုပ်စု အမှတ်(၄) ချည်မျှင်နှင့် အထည်စက်ရုံ(ပွင့်ဖြူ)မှ ပြန်လည်စွန့်လွှတ်သည့် ဧရိယာအတွင်း မွေးမြူရေး ဇုန်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး အစီအမံများနှင့် စပ်လျဉ်း၍ အမှာစကားပြော ကြားသည်။

           ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက ပြန်လည်စွန့်လွှတ်သည့် ဧရိယာအတွင်း မွေးမြူရေးဇုန်ဖော်ဆောင်ရန် မြေပြင် စိစစ်ပြီး ဧရိယာ(၂၈၃.၀၀)ဧကအပေါ် လျှောက်ထားတင်ပြထားသည့် မွေးမြူရေးလုပ်ငန်းရှင် (၁၃)ဦး အတွက် အဆိုပြုလျာထား အကွက်ပေါင်း(၁၃) ကွက်၊ ဧရိယာ(၁၁၀.၀၀)ဧကနှင့် ကျန်ရှိဆက်စပ် ဧရိယာ (၈၀.၀၀) ဧကအပေါ်တွင်(ဧရိယာ(၅.၀၀)ဧကရှိသည့် အရံမြေ(၁၆)ကွက်အား လျာထား ဆောင်ရွက်နိုင်မှုအခြေ အနေများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

           ဆက်လက်ပြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးကျော်ဝင်းက မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပြည်လုံးကျော်ကျေးရွာအုပ်စုတွင် ဆောင်ရွက်မည့် မွေးမြူရေးဇုန်မြေနေရာလျှောက်ထားမှု မြေနေရာလိုအပ်ချက် တွက်ချက်တင်ပြလာ မှုအပေါ် စိစစ်တွေ့ ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး D.r ဝင်းမြင့်က မွေးမြူရေးဇုန်ဖော်ဆောင်မည့် ဧရိယာ အတွင်း မွေးမြူရေး လုပ်ငန်းရှင်(၁၃)ဦးတို့ လျှောက်ထားသည့် တိရိစ္ဆာန်အမျိုးအစား အရေအတွက် အရ မွေးမြူရေးခြံ အတွက်မြေနေရာလိုအပ်ချက်၊ တိရိစ္ဆာန်အစာပင်စိုက်ပျိုးရန် မြေနေရာလိုအပ်ချက် များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကာ၊ မွေးမြူရေးလုပ်ငန်းရှင်များမှ မွေးမြူရေးဇုန် ဖော်ဆောင်မည့် လုပ်ငန်းစဉ် အား မိမိတို့ အနေဖြင့် အားလုံးပူးပေါင်းပါဝင်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းလိုအပ် ချက်များအား ဆွေးနွေးတင်ပြခဲ့ကြသည်။

           ယင်းနောက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးတင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ၊  ပွင့်ဖြူမြို့နယ်တွင် အကောင်အထည် ဖော် ဆောင်ရွက်မည့် မြေနေရာသည် နိုင်ငံတော်မှစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေအဖြစ် သတ်မှတ်လိုက် ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည့် မြေနေရာဖြစ်၍ မွေးမြူရေးဇုန်မြေနေရာအဖြစ် အသုံးပြုနိုင်ရေး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့ တင်ပြအတည်ပြုချက်ရယူကာ အောင်မြင်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရ သတင်း