မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အ.ထ.က(၄) ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အ.ထ.က(၄) ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၅ ရက် ယနေ့နံနက်ပိုင်းက မကွေးမြို့ အ.ထ.က(၄) ကျောင်းဝန်းအတွင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်နေမှုအား မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။

           ထို့သို့ စုပေါင်းသန့်ရှင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ လူမှုအဖွဲ့အစည်းများ  စုပေါင်း၍ မကွေးမြို့ အ.ထ.က(၄)ကျောင်းဝန်း ဘောလုံးကွင်းအတွင်းရှိ မြက်ပင်များ၊ သစ်ပင်ကြီးများနှင့်ချုံနွယ်များအား ခုတ်ထွင် ရှင်းလင်းခြင်းနှင့် အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းခြင်းစသည့် စုပေါင်းသန့်ရှင်ရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြသည်။

           စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်နေမှုအား မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊  ဌာနဆိုင်ရာ အကြီးအကဲများနှင့် အတူ မကွေးမြို့ အ.ထ.က(၄) ကျောင်းဝန်း အတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မိမိတို့ မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့် လျော်ညီစွာ သန့်ရှင်းသာယာလှပရေးသည် အရေးကြီးကြောင်း၊ ဆရာ/ဆရာများနှင့် ကျောင်းသား/ ကျောင်း သူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက်သာမက ကျောင်းသား/သူများ အားလပ် ချိန်များ၌ အားကစားများ ပြုလုပ်ရာတွင် ပျော်ရွှင်စွာ ကစားနိုင်ရေးအတွက်လည်း အရေးကြီးပါ ကြောင်း၊ ကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ အဆောက်အအုံများ ဥပဓိရုပ် ကောင်းမွန် ရေးအတွက်လည်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။

           အဆိုပါ ကျောင်းဝန်းစုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို စုစုပေါင်းအင်အား (၂၄၀)ခန့်ဖြင့် ဆောင်ရွက်ခဲ့ပြီး၊ သန့်ရှင်းရေးလာရောက်ဆောင်ရွက်သူများအား မြန်မာ့ရိုးရာမုန့်များဖြင့် ဧည့်ခံကျွေး မွေးခဲ့ကြောင်း သိရသည်။

 

 

 

နောက်ဆုံးရ သတင်း