မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်

 ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီး မိုးရာသီ(ပထမအကြိမ်) သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ဇွန်လ ၂၅ ယနေ့နံနက် ၈ နာရီအချိန်က မကွေးတက္ကသိုလ်ဝန်းအတွင်း ကျင်းပပြုလုပ်ရာ မကွေး တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ တက္ကသိုလ်ရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ ကြသည်။

           မကွေးတိုင်းဒေသကြီး မိုးရာသီ(ပထမအကြိမ်)သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ် အလိုက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပလျက်ရှိပြီး ပျိုးပင်စုစုပေါင်း (၂)သန်းကျော်ခန့် စိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးဆက်များဖြစ်သည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများအား ကုစားရာမှာ ကုန်ကျစရိတ် အသက် သာဆုံးနှင့် အကောင်းဆုံးနည်းလမ်းသည် သစ်ပင်စိုက်ပျိုးခြင်းနှင့် သဘာဝသစ်တောများအား ပြုန်းတီးမှုမရှိအောင် ထိန်းသိမ်းကာကွယ်ခြင်းဖြစ်ပါကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့်  သစ်တော ပြုန်းတီးမှု များအား ကာကွယ်နိုင်ရန်အတွက် နှစ်(၃၀)အမျိုးသား သစ်တောကဏ္ဍပင်မ စီမံကိန်းနှင့် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တက်ထောင်ရေးစီမံကိန်းများ ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ဒေသနှင့်ကိုက်ညီသည့် ဂေဟစနစ်များ ပြန်လည်ထိန်း သိမ်းရေးလုပ်ငန်းစဉ်များအား ကမ္ဘာ့အရွေ့နှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် သစ်တော သစ်ပင်များ၊ ဂေဟစနစ်များ၏ အစစ်အမှန် တန်ဖိုးကိုနားလည်ပြီး တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ အစုအဖွဲ့ လိုက်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြဒေသအလိုက် သစ်ပင်များစိုက်ပျိုးပြီး ရှင်သန်အောင် ထိန်းသိမ်းလျက် ဂေဟစနစ်အား ပြန်လည်ဖြည့်တင်းနိုင်ရေး ဝိုန်းဝန်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုကြောင်း စသည် ဖြင့်ပြောကြားသည်။

           ဆက်လက်၍ သစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက် ဖန်ခါးပျိုးပင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်မှ မကွေးတက္ကသိုလ် တွဲဘက်ပါမောက္ခ ဒေါက်တာဌေးဌေးမြင့် အား လည်းကောင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှုးချုပ် ဝင်းမောင်သိန်းမှ ခရေပျိုးပင်များအား မဟာတန်း ကျောင်းသူများအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးတို့က ဒေသခံပြည်သူများအား ပိတောက်ပျိုးပင်များနှင့်မယ်ဇယ်ပျိုးပင်များအား လည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က တမာပျိုးပင်များ အားလည်းကောင် အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကံ့ကော်၊ ခရေ၊ ပိတောက်၊ ဖန်ခါး၊ တမာ၊ စိန်ပန်း၊ ကျွန်း၊ ထောက်ကြံ့၊ ငုရွေဝါ၊ ပန်းတမာ အစရှိသည့် သစ်မျိုးစုံနှင့် ပန်းအလှပင်  စုစုပေါင်း သစ်မျိုး (၃၃) မျိုးနှင့် ပျိုးပင်ပေါင်း(၈၈၂)ပင်အား စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီအကြို သစ်ပင်စိုက်ပွဲ(၁၉)ပွဲဖြင့် စိုက်ပျိုးပင်ပေါင်း (၂)သန်း ကျော်အား စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီးသစ်တောဦးစီးဌာန တာဝန်ရှိသူထံမှသိရှိရသည်။

နောက်ဆုံးရ သတင်း