မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကြီးကြပ်အကဲဖြတ်ခြင်းဆိုင် ရာစွမ်းရည်မြှင့်အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ဇွန်လ ၂၆ ရက် ယနေ့နံနက် ၁၀ နာရီ အချိန် က မကွေးမြို့ အ.ထ.က(၁) ကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်အသီးသီးမှ ပညာရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင်ဖွင့်လှစ်ထားသည့် အခြေခံပညာ ကျောင်းများသို့ သွားရောက်စစ်ဆေးကြီးကြပ်အကဲဖြတ်မည့် ပညာရေးဝန်ထမ်းများအား တွေ့ဆုံရသည့်အတွက် များစွာဝမ်းမြောက်ရပါကြောင်း၊ မိမိတို့တိုင်းဒေသ ကြီးအတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများ၏ သင်ကြားသင်ယူမှု၊ စိစစ်အကဲဖြတ်မှု၊ အညွှန်းကိန်းလုပ်ငန်းစဉ်များ လိုက် နာအကောင်အထည်ဖော် ဆောင်ရွက်မှုတို့အပေါ် ပုံမှန်စနစ်တကျ ကွင်းဆင်းကြီးကြပ် အကဲဖြတ်နိုင် ရန်အတွက် ရည်ရွယ်၍ ယခုလိုအလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရခြင်းဖြစ်သည့်အပြင် အခြေခံပညာ ကျောင်းများတွင် စနစ်သစ် ပညာရေးဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းစဉ်များ၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးဘက်စုံပညာ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အကောင်အထည် ဖော်နိုင် ရေးအတွက် များစွာအထောက်အကူပြုစေမှာဖြစ်ပါကြောင်း၊ စနစ်သစ်ပညာရေး စတင် အကောင်အထည်ဖော်ချိန်မှစ၍ နိုင်ငံတော်အစိုးရ အနေဖြင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်း ပေးထားသော်လည်း အသုံးပြု သင်ကြားမှု အားနည်းနေသည့်အတွက် ဘာသာရပ်၊ သင်ခန်းစာများနှင့် ကိုက်ညီမှုရှိသည့် သင်ထောက် ကူပစ္စည်းများအား ချိတ်ဆက်သင်ကြားနိုင်ရေး ကြီးကြပ်အကဲ ဖြတ်များ အနေဖြင့် ကြပ်မတ်ဆောင် ရွက်ပေးရန် လိုအပ်ကြောင်း၊ ပညာရေးဝန်ကြီးဌာအနေဖြင့် အမျိုးသား ပညာရည်မြင့်မားရေးအနှစ် (၃၀)စီမံကိန်းလုပ်ငန်းစဉ်များနှင့် ခေတ်စနစ်ဦးစားပေး အစီ အစဉ်အရ ပညာရေးအရည်အသွေး တိုးတက်မြင့်မားရေးလုပ်ငန်းများ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ပြီးမြောက်ရေးအတွက် လိုအပ် သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်း သား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကြီးကြပ်အကဲဖြတ် ခြင်းဆိုင်ရာစွမ်းရည်မြှင့်အလုပ်ရုံဆွေးနွေးပွဲကို စတင်၍ (၂)ရက်ကြာ ဆွေးနွေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။