မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နေ့လယ် ၃ နာရီတွင် အစိုးရအဖွဲ့ရုံး အစည်းအဝေး၌ တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က  မိမိတို့တိုင်းဒေသကြီးအတွင်း နေကြာစိုက်ပျိုး အောင်မြင် ဖြစ်ထွန်းနေမှုအား ပြသနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုပါကြောင်း၊ မိုးနေ ကြာစိုက်ပျိုး နိုင်မှုအခြေအနေ စိုက်ဧကလျှော့သွားတဲ့အခြေအနေများအား သိရှိနိုင်ရန်မြို့နယ် အလိုက် Check Point ဇယာများရေးဆွဲထားရှိပြီး တစ်ပတ်တစ်ခါ ပြုစုဆောင်ရွက်ကြဖို့၊ မိုးရာသီထွန်တုံးပိတ် စိုက်ပျိုး မည့်အချိန်မှာ သြဂုတ်လကုန်ဖြစ်သည့်အတွက်(၂)လအတွင်း လျာထား ချက်ပြည့်မီအောင် စိုက်ပျိုးနိုင် ရေးတွန်းအားပေး ဆောင်ရွက်ရန်လိုပါကြောင်း၊ မြို့နယ်အလိုက် မိုးရွာသွန်းမှု မှတ်တမ်းများထားရှိ ကာမိုးမရွာသည့်ရက် တစ်ပတ်ခန့်ဖြစ်လာပြီး အပင်များ ရေလို အပ်သည့် အခြေအနေ လက္ခဏာ ပြလာပါက  ညနေ(၄)နာရီနောက်ပိုင်း ဆေးဖြန်းပုံးများဖြင့် ရေဖျန်း နိုင်ရေးစီစဉ်ဆောင်ရွက်ကြရန် အတွက် တောင်သူများအား ကြိုတင်အသိပညာပေးထားရှိရန် လိုအပ် ပါကြောင်း စသည်ဖြင့် မှာကြား ဆောင်ရွက်ခဲ့သည်။

           ဆက်လက်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော် လင်းက မိုးသီးနှံစိုက်ပျိုးရန် ကျန်ရှိနေသည့် ဧကများအား စိုက်ပျိုးနိုင်ခြင်းရှိ/မရှိ မည်သည့် အတွက် ကြောင့် ကျန်ရှိနေကြောင်း စသည့် အချက်များအား မြို့နယ်အဆင့်တွင် စိုက်ပျိုးရေး၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ ကွင်းဆင်းကြည့်ရှု၍ တွန်းအားပေးဆောင်ရွက်ကြရန်နှင့် လျော့နည်းစိုက်ဧကများအား အစားထိုးနိုင်ရေး ဆောင်ရွက်ရန် ဆွေးနွေးပြောကြားပြီး၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးယဉ်ထွန်းနှင့် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးမှူး ဦးကျော်ဝင်းတို့က မိမိတို့ကဏ္ဍအလိုက် ရှင်လင်းတင်ပြကာ တက်ရောက်လာသူများ၏ အထွေထွေ ဆွေးနွေးတင်ပြ ဆောင်ရွက်ခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို  ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရ သတင်း