မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

           အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ အစည်းအဝေးတွင် မကွေး တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံ တစ်ခုဖွံ့ဖြိုးတိုးတက်ရန်မှာ နိုင်ငံရဲ့စီးပွားရေးကဏ္ဍဖြစ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်ဖို့သည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ နိုင်ငံ၏စီးပွားရေး တောင့် တင်းမှသာ ခေတ်မီပြီး  အေးချမ်းသာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်မှာ ဖြစ်ပြီး ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အစရှိသည်တို့လည်း တိုးတက်လာမှာ ဖြစ်ပါကြောင်း၊ ဒါကြောင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာရန် ဘက်ပေါင်းစုံမှ ပြင်ဆင်ထားပြီး ဖိတ်ခေါ်နေရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ထုံးလုပ်နည်းဆိုင်ရာများမှာ လွယ်ကူချောမွေ့စေရန် ၊ ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ  ပူးပေါင်းဆောင်ရွက်ပေးရန် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကနေ နိုင်ငံအတွက် ရသင့်ရထိုက်သည့် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပညာနှင့် လုပ်ခလစာများရရှိရန်၊ လူမှုပတ် ဝန်းကျင်ကို မထိခိုက်စေဘဲ ဒေသနှင့်ကိုက်ညီသည့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် Target ထားပြီး ဖိတ်ခေါ်ကြရန်၊ ဆိုလာနှင့် လျှပ်စစ်မီး ထုတ်လုပ်သောရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည်  နိုင်ငံ အတွက်လိုအပ်သော လျှပ်စစ်မီးကို တစ်ဖက်တစ်လမ်းကရရှိစေပြီး ဒေသအတွက် အလုပ်အကိုင် အခွင့် အလမ်းရရှိစေကြောင်း၊ ဆိုလာသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်၍ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေဘဲ နိုင်ငံ၏အခြေခံ အဆောက်အဦကိုလည်း တိုးတက်စေကြောင်း၊ရေနံစိမ်းကနေ အဆင့် မြင့်ဒီဇယ်နဲ့ ဓာတ်ဆီထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းသည် ဒေသတွင်းမှရေနံများသည်လည်း တိုင်းဒေသကြီး ဖြတ်ကျော်ပြီး သွားစရာမလိုတော့သဖြင့် မိမိဒေသအတွင်းမှာတွင် အဆင့်မြင့် စက်သုံးဆီများကို ထုတ်လုပ်နိုင်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဆီထွက်သီးနှံ ဆိုင်ရာကဏ္ဍ တိုးတက်ဖို့ တွန်းအားပေးလမ်းညွှန်နေသလို မကွေးတိုင်းအစိုးရအနေဖြင့်လည်း ဆီထွက်သီးနှံ လျာထား စိုက်ဧကများပြည့်မီရန် သီးနှံများအထွက်တိုးရန် ဆောင်ရွက်နေပါကြောင်း၊ အစိုးရနှင့်ဌာနဆိုင်ရာများ ဟန်ချက်ညီစွာပူးပေါင်းပြီး စိတ်စေတနာအပြည့်နှင့် ကဏ္ဍအသီးသီးမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းပူးပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ကြပါလို့ တိုက်တွန်းပါ ကြောင်းဖြင့် ပြောကြားခဲ့သည်။

           ထို့နောက် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်း ဝန်ဆောင်မှုပေးခဲ့သည့်လုပ်ငန်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေ ဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း