မကွေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ဂျုတီကုတ်နှင့် ဦးဆောင်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မကွေးမြို့ မြို့တော် ခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြုသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်၏ ကျန်းမာရေးဆိုင်ရာမူဝါဒနှင့်အညီ ဒေသခံပြည်သူများ၏ ရင်သွေးများဖြစ်သော လူငယ်များကို သူနာပြုနှင့် သားဖွားအသက်မွေးဝမ်းကြောင်းမှု အသိပညာ၊ အတတ်ပညာများ တတ်မြောက်စေ၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေကာ ပြည်သူများ၏ ကျန်းမာရေးကို လုံခြုံစိတ်ချစွာ ထိရောက် စွာ စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်၍ သူနာပြု သင်တန်းကျောင်းအား ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်၏ လူမှုရေးဦးတည်ချက် တစ်ရပ်တွင် အပါအဝင်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် မြန်မာ့ ကျန်းမာရေးဆိုင်ရာ မျှော်မှန်းချက် နှစ်(၃၀)နှစ်ရှည် စီမံကိန်းအား စနစ်တကျရေးဆွဲ ပြီး နယ်စပ်ဒေသ အစွန်အဖျားအပါအဝင် တစ်နိုင်ငံလုံးကျန်းမာရေး စောင့်ရှောက်မှု တိုးမြှင့်ပေးနိုင်ရန် ကြိုးပမ်း ဆောင် ရွက်လျက်ရှိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာမှာ ကျန်းမာရေးသည် အရေးကြီးသည့် အခန်းကဏ္ဍအဖြစ်ပါဝင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ရာ တွင် သူနာပြုများ၊ သားဖွားများသည်လည်း လွန်စွာအရေးကြီးပြီး ပြည်သူလူထုနှင့် တစ်သားတည်း ဖြစ်အောင် ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးစောင့်ရှောက်ပေးသူများ ဖြစ်သောကြောင့် ပြည်သူအကျိုးပြု သူနာပြုများဖြစ်သည်အထိ စာတွေ့လက်တွေ့ စဉ်ဆက်မပြတ် လေ့လာဆည်းပူး ကြစေလိုကြောင်း၊ သူနာပြုသိပ္ပံဘွဲ့၊ သူနာပြု မဟာသိပ္ပံဘွဲ့၊ သူနာပြုပါရဂူဘွဲ့များ အား ပြည်တွင်းမှာပင် ဆက်လက်တက်ရောက်နိုင်သည်အထိ ဖွင့်လှစ်ပေးထားသည်ကို သိရှိရကြောင်း နှင့် ပြည်သူလူထုမှ အားထားရသည့် အရည်အသွေး ပြည့်ဝသော သူနာပြု၊ သားဖွားကောင်းများ ဖြစ်သည်အထိ ကြိုးစားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ အပတ်စဉ်(၂၅)ဒုတိယနှစ်၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်းမှ ပထမ နှစ်တွင် စာပေထူးချွန်ဆုရရှိခဲ့သော သင်တန်းသား/သူများနှင့် အပတ်စဉ်(၂၆)ပထမနှစ် သူနာပြု- သားဖွားဒီပလိုမာ(၃)နှစ်သင်တန်းတွင် စာပေးထူးချွန်ဆုရရှိခဲ့သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများအား အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားဆရာ၊ ဆရာများ၏ ရာထူးအလိုက်ဝတ်စား ဆင်ယင်ထုံးဖွဲ့မှုအား ဂုဏ်ပြုဝတ်ဆင်ပြသခဲ့ပြီး မကွေးမြို့သူနာပြုနှင့်သားဖွားသင်တန်း ကျောင်းအုပ် ကြီးမှ ဂျုတီဂုတ်နှင့် ဦးဆောင်း၏ အနှစ်သာရအား ရှင်းလင်းတင်ပြကာ၊ သင်တန်းကျောင်း စီမံ-ပညာ အဖွဲ့ဝင် များမှ သူနာပြုသင်တန်းသား/သူများအား ဂျုတီဂုတ်နှင့် ဦးဆောင်းများအား အပ်နှင်းခဲ့ကြ သည်။
ယင်းနောက် သူနာပြုသင်တန်းသား/သင်တန်းသူများက “သူနာပြု သစ္စာအဓိဌာန်”အား ရွတ်ဆိုဂုဏ်ပြုခဲ့ပြီး ပထမနှစ်၊ သူနာပြုသင်တန်းသား/သင်တန်းသူများမှ မြတ်ဆရာသီချင်းဖြင့် ဂုဏ်ပြု ဖျော်ဖြေကာ ဖျော်ဖြေရေး အစီအစဉ်များအား ဆက်လက်သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။