မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၂) အစည်းအဝေးကို ဇွန်လ ၂၉ ရက် နေလယ် ၃ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး(အောက်ထပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ဒုတိယဥက္ကဌ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ကော်မတီအဖွဲ့ဝင်များ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဦးစွာ ကော်မတီဥက္ကဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကြာမီ ကကျင်းပခဲ့တဲ့ ခရီးသွားလုပ်ငန်းဗဟိုကော်မတီမှ ချမှတ်ခဲ့သည့်လုပ်ငန်းစဉ်များ ဆုံးဖြတ်ချက် များကို အကောင်အထည်ဖော်ဆောင် ရွက်ရာမှာ လိုအပ်ချက်များးကို ညှိနှိုင်းဆောင်ရွက်ရန် ရည်ရွယ်ပါ ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ပြည်တွင်း ခရီးသွား များတိုးတက်သည်ကို တွေ့ရှိရပါ ကြောင်း၊နိုင်ငံခြားသား Business Visa ဖြင့် လာရောက်သူများ လည်းရှိပါကြောင်း၊ နိုင်ငံတော်မှ နိုင်ငံခြားခရီးသွားများကို ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဝင်ရောက်ခွင့်ပြုခဲ့ရာမှ ၂၀၂၂ ဧပြီလမှစ၍ ပြည်ပခရီးသွားနှင့် လေယာဉ်ခရီးစဉ်များ ဝင်ရောက်မှုများ တိုးတက်ခဲ့၍ မကွေးတိုင်းဒေသ ကြီးမှလည်း ခရီးစဉ်ဒေသများ ကြိုတင်ပြင်ဆင်၍ မြှင့်တင်ဆောင်ရွက်ရန် ခရီးသွားမြို့ရွာများ သာယာ လှပရေး ဆောင်ရွက်ရန် ဧည့်သည်များအပန်းဖြေရန်အတွက် ခရီးစဉ်ဒေသရှိ လိုအပ်သော ခရီးသွား လမ်းညွှန် အမှတ်အသားများ ကျန်းမာရေး နှင့်ညီညွတ်သော စားသောက်ဆိုင်များ၊ ယဉ်ကျေးမှု အခြေခံဖျော်ဖြေ ရေးလုပ်ငန်းများ၊ ဒေသထွက်ကုန်ပစ္စည်းများ လက်ဆောင်ပစ္စည်းများကို ပူးပေါင်း ဆောင်ရွက်ရန်နှင့် ခရီးစဉ်ဒေသရှိ ဟိုတယ်နှင့် ခရီးသွား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးစေရေးကိုမှာ ကြားခဲ့သည်။
ဆက်လက်၍ ဒုတိယ ဥက္ကဌ၊စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က တိုင်းဒေသကြီးရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ခရီးသွားလုပ်ငန်းမှ ဝင်ငွေအလုပ်အကိုင် ရရှိစေရေး၊ ပြည်တွင်းပြည်ပခရီး သွားများ တစ်နှစ်ပတ်လုံး လာရောက်လည်ပတ်နိုင်စေရန် ခရီးစဉ်ဒေသဖော်ဆောင်ရန်၊ ခရီးသွား ထုတ်ကုန်များ မြှင့်တင်ခြင်းဖြင့် ဒေသ၏ လူမှုစီးပွားဘ၀ တိုးတက်စေရန်၊Health & Safety Protocol လက်မှတ်ရ ဟိုတယ်များနှင့် ဝန်ထမ်းများအားလုံးကို ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံစေရေး ကြိုတင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ခရီးစဉ်ဒေသ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြခဲ့ပြီး၊ တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ခရီးစဉ်ဒေသ အောင်မြင်စွာဖော်ဆောင်နိုင်ရေး လိုအပ်သည်များ မှာကြားကာ၊ ပေါင်းစပ်ညှိနိုင်းဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သိရှိရသည်။