ရေနံချောင်း ဇူလိုင် ၁
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေနံချောင်းမြို့နယ် ကံကြီးကျေးရွာအုပ်စု ချည်မျှင် ရှည်ဝါနှင့်နေကြာစိုက်ခင်းဇုန်သို့ရောက်ရှိပြီး နေကြာသီးနှံ တိုးချဲစိုက်ပျိုးခြင်း အောင်မြင်ဖြစ်ထွန်းမှု အား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးညဏ်ကျော်က ဝါနှင့်နေကြာ စိုက်ပျိုး ထုတ်လုပ်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ကံကြီးကျေးရွာ ဝါနှင့်နေကြာသီးနှံ စိုက်ပျိုး တောင်သူများနှင့်တွေ့ဆုံကာ တောင်သူများ၏ ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက် တင်ပြခဲ့မှုများအပေါ် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
တောင်သူများနှင့်တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျွန်တော်တို့ မကွေးတိုင်းဒေသ ကြီး က မိုးနည်းရပ်ဝန်းဒေသဖြစ်ပြီး အပူပိုင်းဇုန်ကျ ရောက်တဲ့အတွက် သောက်သုံးရေ ဖူလုံရေးအပြင် စိုက်ပျိုးရေ ရရှိရေးကိုလည်း မဖြစ်မနေ ဆောင်ရွက်ပေးနေကြောင်း၊ နိုင်ငံတော်ရဲ့ ဆီအိုးကြီးလို့ခေါ်တဲ့ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးမှဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးနိုင်ပြီး တောင်သူတွေရဲ့လူမှု စီးပွားဘဝတွေ တိုးတက်စေဖို့ကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကံကြီး-ရုံးကုန်း ကျေးရွာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းမှ ကျေးရွာတောင်သူတွေရဲ့ ချည်မျှင်ရှည်ဝါနဲ့ နေကြာ စိုက်ဧက ၂၀ အတွက် သီးနှံများ ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း၊ နိုင်ငံတော်ရဲ့မူဝါဒဖြစ်တဲ့ စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးခြင်း၊ နေရောင်ခြည် စွမ်းအင်သုံးဆိုလာ စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အတွက် တောင်သူ ဉီးကြီးများအနေနဲ့ ပူးပေါင်းပါဝင် ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း စသည်ဖြင့် ပြောကြားကာ၊ တက်ရောက်လာသည့် တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။