မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မကွေး     ဇူလိုင်     ၆

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား      အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၁ နာရီ အချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေးလုပ်ငန်းကော်မတီဝင်များနှင့် ဖိတ်ကြား ထားသူများ တက် ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးမြို့ပေါ်ရှိကျောင်းတိုက်အသီးသီးမှာ ပုရိမဝါကပ်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် သင်တန်းကျောင်းတိုက် နာယက ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်း၍ (၁၂-၇-၂၀၂၂) ရက်နေ့တွင် မကွေးမြို့ မြသလွန်စေတီတော် မဟာဝိဇယရံသီတန်ဆောင်းတော်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင် ရွက်သွားမည်ဖြစ်သည့်အတွက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကျင်းပ ရေးဦးစီးကော်မတီနှင့် ကျင်းပရေးလုပ်ငန်းကော်မတီများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလို ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်က ဆောင်ရွက်မည့်စီမံချက်အား ရှင်းလင်းတင်ပြခဲ့ပြီး၊ ဆပ်ကော်မတီ အသီးသီးမှ ဥက္ကဌများက လုပ်ငန်းပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကာ၊ တက် ရောက်လာသူများမှ အကြံပြုဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။

ယင်းနောက် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ အသီးသီးနှင့် အကြံပြုတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဇူလိုင်လ(၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေးဦးစီး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဆပ်ကော်မတီအသီးသီးမှ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း