မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒေသသုတေသနဗဟိုဌာန(မကွေး) သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းသရုပ်ပြပွဲ(Field Day Acivity) သို့ တက်ရောက်

မကွေတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒေသသုတေသနဗဟိုဌာန(မကွေး) သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းသရုပ်ပြပွဲ(Field Day Acivity) သို့ တက်ရောက်

မကွေး     ဇူလိုင်     ၁၅

 စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနဒေသသုတေသ နဗဟိုဌာန မကွေးမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်ချက်ဖြင့် စမ်းသပ်စိုက်ပျိုးထားသည့် သီးညှပ်စိုက်ပျိုးနည်းစနစ်(နေကြာ+မြေပဲ၊နေကြာ+နှမ်း၊နေကြာ+ပဲတီစိမ်း)နှင့် အထွက်ကောင်းနှမ်း နက်မျိုးများ ဒေသအဆင့် အထွက်ယှဉ်ပြိုင် စမ်းသပ်ခြင်းမှ အလားအလာရှိသောမျိုးများ ရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင်လ ၁၅ ရက် နံနက် ၈ နာရီက ဒေသသုတေသနဗဟိုဌာန (မကွေး)၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်း/ခရိုင်/မြို့နယ်ဦးစီးမှူးများ၊ အကျိုးဆောင်တောင်သူ များနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

           အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က မကွေးဒေသရှိ တောင်သူများသည်  အခြားဒေသမှတောင်သူများထက် ကြိုးစားအားထုတ်မှုကောင်းမွန်ခြင်း၊ တိုင်းဒေ သကြီးသည် ဆီထွက်သီးနှံထုတ်လုပ်ရေးအတွက် အဓိကကျသည့်အတွက် တန်ဘိုးရှိသော သုတေသ နများ လုပ်ဆောင်နေသော ဒေသသုတေသနဗဟိုဌာန(မကွေး)သို့ ကွင်းဆင်းလာရောက်ခြင်းဖြစ် ကြောင်း၊ တောင်သူများ အနေဖြင့် သစ်စိမ်းမြေသြဇာကျွေးခြင်း ပိုက်ဆံလျှော်စိုက်ပျိုးခြင်းကို စိုက်ပျိုး သင့်ကြောင်း၊ ထယ်ထိုးမြေမြုပ်ရာတွင် ပိုက်ဆံလျှော်ကို ထက်ပိုင်းဖြတ်၍ EM ဖျော်ရည်ကို ပက်ဖျန်း ပေးသင့်ကြောင်း ရေတိုက်စားမှုမျ ကာကွယ်ရန်အတွက် သီးနှံစိုက်ခင်းများအတွင်း ရေစုအကန့်လေး များပြုလုပ်၍ စိုက်ပျိုးသင့်ကြောင်း ပြောကြားသည်။

           ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက တောင်သူ များ ဝင်ငွေတိုးစေရန်အတွက် စိုက်ပျိုးရေးပညာရှင်၊ ဈေးနှုန်းကောင်းမွန်မည့် သီးနှံများကို ကုန်သည် များနှင့် ချိတ်ဆက်၍ တောင်သူများ စိုက်ပျိုးသင့်ကြောင်းနှင့် စိုက်ပျိုးရေးရရှိရေး ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ် ထွန်းမှ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ဖော်ထုတ်ရရှိသောမျိုးနှင့် နည်းပညာများကို စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူများထံသို့ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ နေကြာသီးနှံနှင့် တောင်သူများလက်ရှိ စိုက်ပျိုးလျက်ရှိသောသီးနှံများနှင့် သီးညှပ်စိုက်ပျိုးပါက ဝင်ငွေပိုမိုရရှိနိုင်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

           ဆက်လက်ပြီး ဒေသသုတေသနဗဟိုဌာန(မကွေး)၏ တာဝန်ခံ ဒေါ်မော်မော်သီမှ လက်ရှိ ဆောင်ရွက်နေသော သုတေသနလုပ်ငန်းများ၊ မျိုးသန့်ပွားများထုတ်လုပ်ရေးများ၊RRC အဖြစ် အဆင့် မြှင့်တင်မည့် အစီအစဉ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်း၊ခရိုင်၊မြို့နယ်ဝန်ထမ်းများ၊ မျိုးသန့်ခြံများ၊ မျိုးစေ့ကုမ္ပဏီများ၊တောင်သူများနှင့် ချိတ်ဆက်၍ တိုင်းဒေသကြီးအတွင်း၌  သုတေသနလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

           ထို့နောက် စိုက်ကွင်းသို့သွားရောက်၍ အထွက်ကောင်းနှမ်းနက်မျိုးများ ဒေသအဆင့် အထွက် ယှဉ်ပြိုင်စမ်းသပ်ခြင်းမှ အလား အလာရှိသော  မျိုးများကို  တောင်သူများအား စိတ်ကြိုက်ရွေးချယ် စေပြီး တောင်သူများမှ MSS-10009, MSS-13009, Mss13010 မျိုးများသည် အသီးပါဝင်မှုများခြင်း၊ ပင်စည်နှင့် အရွက်အစိမ်းရင့်ရောင်ရှိခြင်း၊အသက်လျှင်ခြင်း လက္ခဏာများကြောင့် တောင်သူများ ကြိုက်နှစ်သက်ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် စမ်းသပ် စိုက်ပျိုး ထားသည့် သီးညှပ်စိုက်ပျိုးနည်းစနစ်(နေကြာ+မြေပဲ၊ နေကြာ+နှမ်း၊ နေကြာ+ပဲတီစိမ်း) စမ်းသပ်ကွက် အား  လေ့လာ၍ တောင်သူများမှ သိလို၍ မေးမြန်းသည်များကို စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ တာဝန်ခံ နှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ ကြောင်းသိရသည်။

နောက်ဆုံးရ သတင်း