မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ဒုတိယအကြိမ်ကျင်းပခြင်း အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ဒုတိယအကြိမ်ကျင်းပခြင်း အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုမျှတ မှန်ကန်စေ ရေး ဂေဟစနစ်ထိန်းညှိရေး၊ ဒေသခံပြည်သူများ သစ်ပင်စိုက်ပျိုးရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာတိုးပွားလာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မကွေးတိုင်းဒေသကြီး မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော် အခမ်းအနားကို ဇူလိုင်လ ၁၆ ရက် ယနေ့ နံနက် ၈ နာရီအချိန်က မကွေးဆေးတက္ကသိုလ် ဝန်းအတွင်း ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊လူမှုရေးအသင်းအဖွဲ့များ၊ ဆေးတက္ကသိုလ်(မကွေး)မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ပြီး စုပေါင်း၍ တမာပင်များ စိုက်ပျိုးခဲ့ကြသည်။

           သစ်ပင်စိုက်ပျိုးပွဲတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့ မကွေးတိုင်း ဒေသကြီးအတွင်း ခရိုင်/မြို့နယ်အလိုက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပလျက်ရှိရာ စုစုပေါင်းပျိုးပင်ပေါင်း(၃)သန်းကျော်ခန့် စိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးဆက်များဖြစ်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအား ကုစားရာတွင် ကုန်ကျစရိတ်အသက်သာဆုံးနှင့် အကောင်းဆုံး နည်းလမ်းသည် သစ်ပင်စိုက်ပျိုး ခြင်းနှင့် သဘာဝသစ်တောများအား ပြုန်းတီးမှုမရှိအောင် ထိန်းသိမ်း ကာကွယ်ခြင်း ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာ အနေဖြင့် ၂၀၂၂ ခုနှစ်မိုးရာသီတွင် တမာပျိုး ပင်(၃)သိန်းခွဲ ကျော်ခန့် ပျိုးထောင်ထားပြီး ယခုအချိန်အထိ တမာပင်(၆)သောင်းကျော်ခန့် စိုက်ပျိုးပြီး  ဖြစ်သည့်အပြင် ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၊ နတ်ကန်ဦးကြိုးပြင် ကာကွယ်တောအတွင်း စံပြ တမာစိုက်ခင်း (၁၀၀)ဧကကို စိုက်ပျိုးသွားမည်ဟု သိရှိရပါကြောင်း၊ ဒေသနှင့် ကိုက်ညီသည့် သစ်ပင် များစိုက်ပျိုးခြင်းဖြင့် အပင်များရှင်သန်ကာ ရာသီဥတုကောင်းမွန်စေရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

           ဆက်လက်၍ သစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက် တမာပျိုးပင်များအား တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှုးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကတို့မှ အသီးသီးပေးအပ်ကာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေး လေတပ်စခန်း ဌာနချုပ်မှုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ တမာပျိုးပင်များ စိုက်ပျိုးခဲ့ ကြပြီးတက်ရောက် လာကြသူများမှ ပျိုးပင်များစိုက်ပျိုးနေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့်အဖွဲ့က လှည်လည် ကြည့်ရှုအားပေးခဲ့သည်။ 

           အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် တမာပျိုးပင်(၄၅၀)ပင်အား စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီအကြို သစ်ပင် စိုက်ပွဲ(၁၉)ပွဲ၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ(၇)ပွဲနှင့် နိုင်ငံပိုင်သစ်တောစိုက်ခင်းများတွင် စုစုပေါင်း စိုက်ပျိုး ပင်(၃)သန်းကျော်အား စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း