မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ် ၂၀၂၂ ခုနှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ် ၂၀၂၂ ခုနှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး၊ ဉာဏ်ရည်မြင့်မားသောအားက စားသမားများပေါ်ထွန်းရေးနှင့် အာဆီယံတက္ကသိုလ်များ ပြိုင်ပွဲများ မှသည် နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည့် နိုင်ငံဂုဏ်ဆောင် အားကစား သမားများ ပေါ်ထွန်လာစေရန် ရည်ရွယ်၍ တက္ကသိုလ်များ အားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ် အသီးသီးမှာ အားကစားပြိုင်ပွဲများအား ကျင်းပပေးလျက်ရှိပြီး၊ မကွေးတက္ကသိုလ် ၂၀၂၂ခုနှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၈ ရက် ယနေ့ညနေ(၄)နာရီအချိန်က မကွေး တက္ကသိုလ်  ဘောလုံးကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး၊ တိုင်းဒေ သကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးတက္ကသိုလ်ဘာသာရပ်အသီးသီးမှ ပါမောက္ခ ဌာနမှူးများနှင့် ဆရာ/ဆရာမများ၊ ကျောင်း သား /သူများတက်ရောက်ခဲ့ကြသည်။

           ရှေးဦးစွာ မကွေးတက္ကသိုလ် ၂၀၂၂ ခုနှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဓာတုဗေဒဘာသာရပ်အသင်းနှင့် ဘူမိဗေဒဘာသာရပ် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဓာတုဗေဒဘာသာရပ်အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

           ဆက်လက်၍ မကွေးတက္ကသိုလ် ၂၀၂၂ခုနှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ အမျိုးသမီး ဘောလုံးအသင်းအား ဂုဏ်ပြုဆုများနှင့် တစ်ဦးချင်းဆွဲပြားများအား လည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် တစ်ဦး ချင်းနေရာအလိုက် အကောင်းဆုံးဆုရ အားကစား သမားများအား ဆုကလပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ ဒုတိယဆုရရှိသော ဘူမိဗေဒဘာသာရပ် ဘောလုံးအသင်းအား တစ်ဦးချင်း ဆွဲပြားများ နှင့် ဂုဏ်ပြုဆုများအား လည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲခဲ့သော ဓာတု ဗေဒဘာသာရပ် ဘောလုံးအသင်းအား တစ်ဦးချင်းဆွဲပြားများနှင့် တံခွန်စိုက်ဆုတို့အား မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးနှင့် ဒုတိယပါမောက္ခချုပ်များက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရ သတင်း