မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၂/၂၀၂၂)သို့ တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်  တိုင်းဒေသကြီးဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၂/၂၀၂၂)သို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၂/၂၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၁၈ ရက် ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် ဆောင်ရွက်သည်။

တိုင်းဒေသကြီးဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က  မိမိတို့တိုင်းဒေသကြီးအတွင်း နေကြာစိုက်ပျိုး အောင်မြင် ဖြစ်ထွန်းနေမှုအား ပြသနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ ဌာနများမှ လုပ်ငန်း ဆောင်ရွက်နေမှုများအား MRTV ရုပ်သံနှင့် မှတ်တမ်းရိုက်ကူးရေး ဆောင်ရွက်ရာတွင် ဌာနတစ်ခု တည်း ရိုက်ကူးမှုမပြုစေဘဲ ဒေသတွင်းရှိ ဌာနအလိုက် ဆောင်ရွက်နေမှုများအား အစီအစဉ်တကျ ပေါင်းစည်း ရိုက်ကူးရေးဆောင်ရွက်ရန်နှင့် ဆောင်ရွက်ပေးမှု အကျိုးသက်ရောက်မှုများအား ပြည့်စုံစွာ ထည့်သွင်း ဖော်ပြကြဖို့၊ ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးနိုင်မှု အခြေအနေ စိုက်ဧကလျှော့သွားတဲ့ အခြေ အနေများအား သိရှိနိုင်ရန် မြို့နယ်အလိုက် Check Point ဇယားများရေးဆွဲထားရှိပြီး တစ်ပတ်တစ်ခါ ပြုစုဆောင်ရွက်ကြဖို့၊ စိုက်ပျိုးမြေ မြေပြင်အခြေအနေ  ကောင်း၊ သင့်၊ ညံ့ ခွဲခြားဆောင်ရွက်ရာမှာ On Paper မဟုတ်ဘဲ ကွင်းဆင်း၍ လက်ရှိမြေပြင် အခြေအနေအတိုင်း စာရင်းပြုစုစေရေး ကြီးကြပ် ဆောင်ရွက်ပေးကြဖို့၊ EM ဘိုကာရှိ လုပ်ငန်းနှင့် ပတ်သက်၍ ဝန်ထမ်းများနှင့် တောင်သူများတွေ့ဆုံမှု၊ ပညာပေးလှုံ့ဆော်မှု၊ အကျိုးသက်ရောက်မှုများကို မှတ်တမ်းထားရှိပြီး ဝန်ထမ်းများ ကျွမ်းကျင်မှု ရှိစေရေး အစဉ်လေ့ကျင့်ပေးဖို့နဲ့ စစ်ဆေး ဆောင်ရွက်ရန်လည်း လိုပါကြောင်း၊ မိုးရာသီထွန်တုံးပိတ် စိုက်ပျိုးမည့်အချိန်မှာ သြဂုတ်လ ကုန်ဖြစ်သည့်အတွက် (၁)လအတွင်း လျာထား ချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး တွန်းအားပေး ဆောင်ရွက်ရန်လိုပါကြောင်း စသည်ဖြင့် မှာကြားဆောင်ရွက်ခဲ့သည်။

           ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမျိုးအောင်က  တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၂၂) ဆုံးဖြတ် ချက်များအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးယဉ်ထွန်း နှင့် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးကျော်ဝင်းတို့က မိမိတို့ လုပ်ငန်း ကဏ္ဍအလိုက် ရှင်လင်းတင်ပြဆွေးနွေးမှုများ ဆောင်ရွက်ကာ၊ တက်ရောက်လာသူများ၏ အထွေထွေ ဆွေးနွေးတင်ပြ ဆောင်ရွက်ခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို  ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း