မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား(၅)ခရိုင် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား(၅)ခရိုင် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး     ဇူလိုင်     ၂၁

 ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသား/ အမျိုး သမီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  ယမန်ညနေ(၄)နာရီအချိန်က တိုင်းဒေသကြီး မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် မျိုးဆက်သစ်လူငယ် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင်  ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း မြင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာသည့်အပြင် ပြည်သူလူထုတစ်ရပ်လုံး ပါဝင် သည့် လူထု အားကစားအသွင်သို့ ရောက်ရှိလာကာ မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွန်းလာစေရန်နှင့် လူငယ်များ ကြက်တောင်အားကစားနည်းကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို့ ပတ်ဝန်းကျင်မှာ ကျယ်ကျယ်ပြန့်ပြန့် ကစားရာမှ တိုင်းဒေသကြီးကိုယ်စားပြု သွေးသစ်ကြက်တောင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊  ကြက်တောင် အားစားနည်းဟာ တစ်ဦးချင်းယှဉ်ပြိုင်ရသည့် အားကစားနည်းဖြစ်ပြီး တစ်ဦးကောင်း တစ်ယောက် ကောင်း ကြိုးစားအားထုတ်ကာ ဖြတ်ထိုးဉာဏ်နှင့် လျှင်မြန်သွက်လက်မှုတို့ ပေါင်းစပ်ပြီး ယှဉ်ပြိုင် ရသော အားကစားနည်း တစ်ခုဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့်လည်း စိတ်ဝင်တစား အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်လာကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း နှင့် မိမိတို့၏ အားကစားအရည်အသွေး တိုးတက်မြင့်မားလာပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ် ဆောင် အားကစားသမားများဖြစ်သည်အထိ ကြိုးစားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ကြက်တောင်ပြိုင်ပွဲ စတင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပထမနေ့ပွဲစဉ်များအဖြစ်သည့်   သရက်ခရိုင်အသင်းနှင့် ဂန့်ဂေါခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှု အား ကြည့်ရှုအားပေးကာ ကြက်တောင်တစ်ဦးချင်း ပြိုင်ပွဲတွင် သရက်ခရိုင်အသင်းမှ အနိုင်ရရှိခဲ့ပြီး နှစ်ယောက်တွဲ ကြက်တောင်ပြိုင်ပွဲတွင် ဂန့်ဂေါခရိုင် အသင်းမှ အနိုင်ရရှိခဲ့သည်။

 အဆိုပါ ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား(၅)ခရိုင် အမျိုးသား / အမျိုးသမီး ကြက်တောင်ပြိုင်ပွဲကို ဇူလိုင်လ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ တိုင်းဒေသကြီး မိုးလုံ လေလုံ အားကစားခန်းမ၌ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး မည်သူ့မဆို အခမဲ့ ဝင်ရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း