မကွေး ဇူလိုင် ၂၂
၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသား/ အမျိုး သမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၂ ရက် ယနေ့ ညနေ ၄ နာရီအချိန်က တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေ သကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် မျိုးဆက်သစ်လူငယ် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တစ်ဦးချင်း အမျိုးသားကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား တစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် သရက်ခရိုင်အသင်းနှင့် မကွေးခရိုင်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ သက်ရက်ခရိုင်အသင်းမှ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသားနှစ်ယောက်တွဲပွဲစဉ်တွင် မကွေးခရိုင်အသင်းမှ သရက်ခရိုင်အသင်းအား နှစ်ပွဲပြတ်ဖြင့် အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသား/ အမျိုး သမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအမျိုးသမီးအားကစား အဖွဲ့မှ ပြိုင်ပွဲဝင် အားကစားမောင်မယ်များအတွက် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်း FACE MASK များနှင့် လက်သန့်ဆေးရည်ဘူးများ လှူဒါန်းပေးအပ်ခဲ့ပြီး၊ ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ ရာ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော သရက်ခရိုင်အသင်းအား ဆုဆွဲပြား များနှင့် ငွေသားဆုများအား တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ဝင်များမှ လည်းကောင်း၊ ပထမဆုရရှိသော မကွေးခရိုင်အသင်းအား တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က ဆုဆွဲပြားများ၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုအားလည်းကောင်း၊ အမျိုးသား ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော သရက်ခရိုင်အသင်းအား တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်က ဆုဆွဲပြားများနှင့် ငွေသားဆုများအားလည်းကောင်း၊ ပထမဆုရရှိသော မကွေးခရိုင် အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဆုဆွဲပြားများ၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုတို့အား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား(၅)ခရိုင် အမျိုးသား / အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ လူငယ်များ ကြက်တောင်အားကစား နည်းကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို့ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့် ကစားရာမှ တိုင်းဒေ သကြီး ကိုယ်စားပြု သွေးသစ်ကြက်တောင်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဇူလိုင်လ (၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။