မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး(၃/၂၀၂၂)တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်  တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့  အစည်းအဝေး(၃/၂၀၂၂)တက်ရောက်

မကွေး     ဇူလိုင်     ၂၆

မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း  အစည်း အဝေး (၃/၂၀၂၂)ကို ဇူလိုင်လ ၂၆ ရက် ယနေ့မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန် အမှာစကား ပြောကြားသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ အနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လက်ရှိအခြေအနေတွင် စားနပ်ရိက္ခာ ဖူလုံရုံသာမက လယ်ယာကုန်ထုတ်လုပ်မှုဖြင့် လူနေမှုအဆင့်အတန်း မြင့်မားရေး ဆောင်ရွက်ရန် ရည်ရွယ်၍ လယ်ယာစိုက်ပျိုးမြေများ လျော့ပါးမှုမရှိစေရေး မူဝါဒများ တိတိကျကျ ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဥပဒေနှင့်အညီ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်ရရှိရေး လျှောက်ထားမှုများရှိသလို ခွင့်ပြုချက်မရှိဘဲ အခြားနည်း ကျူးလွန် အသုံးပြုနေမှုများရှိနေကြောင်း စိစစ်တွေ့ရှိရပြီး၊ ခွင့်ပြုချက်မရှိဘဲ အခြားနည်းကျူးလွန် အသုံးပြုမှု များအား သေချာစွာ စာရင်းကောက်ပြုစု၍ မှတ်တမ်းတင်ထားရှိရန်နှင့် ထိရောက်စွာ တားမြစ်အရေးယူ ဆောင်ရွက်ရန်လည်း လိုအပ်မှာဖြစ်ကြောင်း၊ လယ်ယာမြေအားခွင့်ပြုချက်မရှိဘဲ အခြားနည်း ကျူးလွန် အသုံးပြုမှုများ ထပ်မံတိုးချဲ့ဆောင်ရွက်မှုမရှိအောင် ဝိုင်းဝန်းထိန်းသိမ်းသွားကြရန်နှင့် တည်ဆဲလယ်ယာ မြေဥပေဒများနှင့်အညီ စိစစ်ဆောင်ရွက်သွားကြရန်လည်း လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေစီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်ရာမှာ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာကဏ္ဍကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့ကို ရှေ့ရှု၍ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့်အညီ ဆက်စပ် ပတ်သက်သည့် ဌာနအဖွဲ့အစည်းအားလုံးနှင့် ချိပ်ဆက်ပြီး အောင်မြင်မှုရရှိအောင် ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ အစည်းအဝေးသို့ တင်ပြရန် တိုင်းဒေသကြီးအစိုးရအဖွဲမှ အကြောင်းကြားထားရှိသည့် အမှုတွဲ(၂)တွဲအားလည်းကောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)ပျက်စီး/ပျောက်ဆုံး သဖြင့် ဒုတိယမူရင်း(သို့မဟုတ်)မိတ္တူမှန် ထုတ်ပေးပါရန် လျှောက်ထားသည့် အမှုတွဲ(၅)တွဲနှင့် တိုင်း ဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံလျှောက်ထားလာသည့် မြေယာအယူခံအမှုတွဲ (၂) တွဲအား လည်းကောင်း သဘောထားမှတ်ချက်ပေးနိုင်ရန် ဆွေးနွေးတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ တင်ပြဆောင်ရွက်ခဲ့မှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲက  စိစစ်ခြင်း၊ ခွင့်ပြုခြင်း များ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နောက်ဆုံးရ သတင်း