မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ပွင့်ဖြူမြို့နယ်အတွင်းရှိ စက်မှုလက်မှုလုပ်ငန်းနှင့် ကုန်သည်လုပ်ငန်းရှင်များအား လာရောက်တွေ့ဆုံ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ပွင့်ဖြူမြို့နယ်အတွင်းရှိ စက်မှုလက်မှုလုပ်ငန်းနှင့် ကုန်သည်လုပ်ငန်းရှင်များအား လာရောက်တွေ့ဆုံ

ပွင့်ဖြူ       ဇူလိုင်     ၂၆

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကုန်စည်ဒိုင်အသင်းအဖွဲ့များ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွား ရေးရာဝန်ကြီး ဦးအောင်ချိန် သည် တာဝန်ရှိ သူများ လိုက်ပါ၍ ဇူလိုင် ၂၆ ရက် ၊ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ဒေသတွင်းရှိ စက်မှုလက်မှု လုပ်ငန်းနှင့် ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ကုန်စည်ထုတ်လုပ်မှုနှင့် ကုန်စည်ဝန်ဆောင်မှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် က ပွင့်ဖြူ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသထွက်သီးနှံကုန်စည်များ ဈေးကောင်းရရှိရေးသည် အဓိကဖြစ်၍ မြို့နယ်ကုန်စည်ဒိုင် အသင်းအဖွဲ့များအနေဖြင့် ဈေးကွက်ရှာဖွေချိတ်ဆက်ကာ ကုန်စည်ထုတ်လုပ်မှုနှင့် ကုန်စည်ဝန်ဆောင် မှု လုပ်ငန်းများကို ယခုထက် ပိုမိုအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ၊ ယခင် ဖွဲ့စည်းထားသော မြို့နယ်ကုန်စည်ဒိုင်အသင်းသည် သတ်မှတ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်၍ မြို့နယ်ကုန်စည်ဒိုင်အသင်း အလုပ်အမှုဆောင်အသစ်များရွေးချယ်ကာ မကွေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းတွင် ပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်လုပ်ငန်းရှင် များက ဒေသတွင်းကုန်ထုတ်လုပ်မှုနှင့် ကုန်စည်ဝန်ဆောင်မှုလုပ်ငန်းတွင် တွေ့ကြုံရသည့် လုပ်ငန်း အားသာချက် ၊ အားနည်းချက်များကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီး ဦးအောင်ချိန် က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

အဆိုပါ တွေ့ဆုံပွဲသို့ မကွေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်း ၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းထွန်းဝင်း ၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး ၊ ပွင့်ဖြူ ၊ စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့ရှိ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်လုပ်ငန်းရှင် ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း