မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ်(မကွေး) ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ်(မကွေး) ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး ဇူလိုင် ၂၈

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး၊ ဉာဏ်ရည် မြင့်မားသော အားကစားသမားများပေါ်ထွန်းရေးနှင့် အာဆီယံတက္ကသိုလ်များ ပြိုင်ပွဲများမှသည် နိုင်ငံ တကာ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်လာစေရန် ရည်ရွယ်၍ တက္ကသိုလ်များ အားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တက္ကသိုလ်အသီးသီးတွင် အားကစားပြိုင်ပွဲများအား ကျင်းပပေးလျက်ရှိပြီး၊ နည်းပညာ တက္ကသိုလ်(မကွေး)ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၇ ရက် ယမန်နေ့ ညနေ(၃)နာရီအချိန်က နည်းပညာတက္ကသိုလ်(မကွေး) အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နည်းပညာတက္ကသိုလ်(မကွေး) ဒုတိယ ပါမောက္ခချုပ် ဒေါက်တာတင်ဆန်းနှင့် ဘာသာရပ်အသီးသီးမှ ပါမောက္ခ ဌာနမှူးများနှင့် ဆရာ/ဆရာမများ၊ ကျောင်း သား/သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က  ဒီကနေ့ တက်ရောက်ပညာ သင်ကြား နေတဲ့ ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ပညာတော်၍ ကျောင်းနေပျော်စေရန် ကာယ၊ ဗလ၊ ခွန်အားတို့ဖြင့်ပြည့်ဝသည့် ပညာရှင်များ ဖြစ်လာစေရန်နှင့် အများနှင့် ပူးပေါင်းဆောင်ရွက် တတ်စေဖို့၊ စည်းလုံးညီညွတ်မှု အားကောင်းစေဖို့၊ Term Work, communication စသည့် skill များ ရရှိစေဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလို အားကစားပွဲတွေ ကျင်းပတာဖြစ်ကြောင်း၊ နည်းပညာတက္ကသိုလ် (မကွေး) ၏ ၂၀၂၂ ခုနှစ် ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲမှာ အားကစားနည်း(၅)မျိုး ဖြစ်တဲ့ ဘောလုံး၊ ဘော်လီ ဘော၊ ပိုက်ကျော်ခြင်း၊စာပွဲတင်တင်းနစ်၊ ကြက်တောင်စတဲ့ အားကစားနည်း တွေအပြင် လွန်ဆွဲပွဲကိုပါ ထည့်သွင်း ယှဉ်ပြိုင်စေခဲ့တာသိရကြောင်း၊ တက္ကသိုလ်ကျောင်းသားဘဝမှာ ရရှိနိုင်တဲ့  University Life ကို ပြည့်ဝစွာ ရရှိဖို့ ကျောင်းချိန်ပြင်ပတွေမှာ မိမိစိတ်ပါဝင်စားတဲ့ အား ကစား၊ အနုပညာ၊ ဂီတ၊ စာပေတွေကို ပိုမိုလေ့လာကြပါလို့ တိုက်တွန်းလိုကြောင်း၊ ဒီလို ဆောင်ရွက် ခြင်းဖြင့် စည်းလုံးညီညွတ်ခြင်း၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ စီမံခန့်ခွဲတတ်ခြင်း စတာ တွေကိုပါ တပါတည်း ရရှိသွားမှာဖြစ်ပါကြောင်း၊ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ မိမိ တို့ အခွင့်အလမ်းတွေကို အဆုံးရှုံးမခံပဲ ပညာတွေ ဆက်လက်သင်ယူရင်း ပျော်စရာကောင်းတဲ့ တက္က သိုလ် ကျောင်းသားဘဝကို ကောင်းစွာရရှိကြပါစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ နည်းပညာတက္ကသိုလ်(မကွေး) ဒုတိယ ပါမောက္ခချုပ် ဒေါက်တာတင်ဆန်းက မေဂျာပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပခြင်းဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ အမျိုးသား ကြက် တောင်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် Civil အသင်းနှင့် EP အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲက ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ နည်းပညာတက္ကသိုလ်(မကွေး) ၂၀၂၂ခုနှစ်၊ ပါမောက္ခချုပ်ဖလား အားကစား ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရာ အမျိုးသားဘောလုံးပြိုင်ပွဲ ပထမဆုရရှိခဲ့သော EP(B) အသင်း အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဆုတံဆိပ်လည်ဆွဲများနှင့် ဒိုင်းဆုတို့အား ချီးမြှင့် ပေးအပ်ခဲ့ပြီး၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ အမျိုးသား၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော် ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးကြက်တောင်ပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများ တွင် ပထမ၊ ဒုတိယ ဆုအသီးသီးရရှိခဲ့သည့် အားကစားသမားများအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နည်းပညာတက္ကသိုလ်(မကွေး)ဒုတိယပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က တစ်ဦးချင်း ဆု တံဆိပ်ဆွဲပြား များနှင့် ဒိုင်းဆုတို့အား ချီးမြှင့်ပေးအပ်ခဲ့ကာ၊ နည်းပညာတက္ကသိုလ်(မကွေး) ဒုတိယ ပါမောက္ခချုပ်က အားကစားပြိုင်ပွဲများအတွက်  အလှူငွေပေးအပ်သော ကုမ္ပဏီများအား ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(မကွေး) ၂၄၀-ဆံ့ ကျောင်းသား/ကျောင်းသူ အိပ်ဆောင် (၂၁၁’×၁၄၃’- ၆”) RC သုံးထပ်တည်ဆောက်ခြင်းလုပ်ငန်းသို့ ရောက်ရှိပြီး အဆိုပါလုပ်ငန်းအား ပန္နက်တင်မင်္ဂလာ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း