မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုုပ် ဦးတင့်လွင် ရေနံချောင်းတက္ကသိုလ် အနုပညာအသင်းက ကြီးမှူးကျင်းပသည့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ဖျော်ဖြေခြင်း အခမ်းအနားတက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုုပ် ဦးတင့်လွင် ရေနံချောင်းတက္ကသိုလ် အနုပညာအသင်းက ကြီးမှူးကျင်းပသည့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ဖျော်ဖြေခြင်း အခမ်းအနားတက်ရောက်

မကွေး    ဇူလိုင်     ၃၁

မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ် အနုပညာအသင်းက ကြီးမှူးကျင်းပသည့် မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ဖျော်ဖြေခြင်း အခမ်းအနားကို ဇူလိုင်လ ၃၀ ရက် ယမန်နေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပရာ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က “ယဉ်ကျေးမှုအစစ် လူ့အနှစ်” ဆိုသလို ယဉ်ကျေးမှုဆိုတာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ အမြုတေ  ရတနာတစ်ပါးဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဟာ ဘယ်လောက်ချမ်းသာကြွယ်ဝနေပါစေ၊ ယဉ်ကျေးမှု ခေါင်းပါးဆိတ်သုဉ်းနေရင် အချည်းအနှီးသာ ဖြစ်ပါကြောင်း၊ ကျွန်တော်တို့နိုင်ငံဟာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်ရာ တိုင်းရင်းသားလူမျိုး အသီးသီးမှာလည်း ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ရှိကြကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လူမှုရေးဦးတည်ချက်ထဲမှာ “တိုင်းရင်းသားလူမျိုး အပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှု စရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး”ဆိုတဲ့ ဦးတည်ချက်ပါဝင်ပါကြောင်း၊ ယခုလို မြန်မာတိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကျင်းပပေးတာ ဟာလည်း မြန်မာ့ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းဖော်ထုတ်တဲ့ပွဲအဖြစ် ကျင်းပပေးနေခြင်းဖြစ်ပြီး မြန်မာ့ ရိုးရာယဉ်ကျေးမှုအနုပညာကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြတဲ့ ရွက်ပုန်းသီးအနုပညာရှင် များ ပေါ်ထွက်လာတော့မှာ ဖြစ်ကြောင်း၊ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်း စောင့်ရှောက်ဖော်ထုတ် မြှင့်တင်ပေးခြင်းဟာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အမျိုးဂုဏ် ဇာတိဂုဏ်ကို မြင့်မားတိုးတက်စေမှာဖြစ်ပြီး တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုမှသည် ပြည်ထောင်စု စိတ်ဓာတ်များ ခိုင်မာလာမှာဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် အနုပညာအသင်း ဆရာ ဆရာမများ၊ ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်း သူများက အပျိုတော်အက၊ တေးသီးချင်းများ၊ တေးသရုပ်ဖော်အက၊တစ်ပင်တိုင်အကစသည့် ဖျော်ဖြေ ရေး အစီအစဉ် (၃၇)ခုဖြင့် ဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ ရေနံချောင်းတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် YNCU King နှင့် YNCU Qween ရွေးချယ်ပွဲကို မဲပေးစနစ်ဖြင့်ကျင်းပရာ မဲအများဆုံးရရှိသူနှစ်ဦးအား မကွေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်ဇနီး ဒေါ်ဝင်းဝင်းမြင့်တို့က စလွယ်နှင့်သရဖူတို့အား ချီးမြှင့်ပေးသည်။

ယင်းနောက် ရေနံချောင်းတက္ကသိုလ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဖျော်ဖြေပွဲတွင် ပါဝင်ခဲ့ကြသူများအတွက် မကွေးတိုင်းဒေသကြီဝန်ကြီးချုပ် ဦးတင့်လွင် နှင့်ဇနီးတို့က ဆုချီးမြှင့်ငွေ(၁၀)သိန်းကျပ်ကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် ဇနီးက ဆုချီးမြှင့်ငွေ တစ်သိန်းခွဲကျပ်ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ရာ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရ သတင်း