မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၅)ခရိုင် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၅)ခရိုင် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး      ဩဂုတ်     ၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသား၊ အမျိုးသမီး စစ်တုရင် ပြိုင်ပွဲကို ဩဂုတ်လ ၂ ရက် ယနေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မျိုးဆက်သစ် လူငယ် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြို့နယ်အတွင်း နေထိုင်သော လူငယ်များ စစ်တုရင်အားကစားနည်းကို ပိုမို စိတ်ဝင်စားလာပြီး မိမိတို့ ပတ်ဝန်းကျင်တွင် ကျယ်ကျယ် ပြန့်ပြန့် ကစားရာမှ တိုင်းဒေသကြီး ကိုယ်စားပြု စစ်တုရင် အားကစားသမားကောင်းများ ပေါ်ထွက် လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ စစ်တုရင်ကစာနည်းဟာ တစ်ဦးချင်းယှဉ်ပြိုင်ရသည့် အားကစားနည်းဖြစ်ပြီး မိမိတို့၏ ကိုယ်ပိုင် ဖြတ်ထိုးဉာဏ်နှင့် စဉ်းစား တွေးခေါ်နိုင်မှု တို့ကို ပေါင်းစပ် ပြီးယှဉ်ပြိုင်ရသည့် အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ တစ်ခြား အားကစားနည်းများ ယှဉ်ပြိုင်ကြရာ မှာ ကိုယ်ခန္ဓာ၏ လှုပ်ရှားနိုင်စွမ်း လျှင်မြန်ဖျတ်လတ်မှု (ကာယ)ကို အသုံးချ၍ ယှဉ်ပြိုင် ကစားကြရပြီး စစ်တုရင် အားကစားနည်းမှာ မိမိတို့၏ ဦးနှောက်ပိုင်းဆိုင်ရာ စဉ်းစားတွေးခေါ်နိုင်စွမ်း ဉာဏ်ရည် (ဉာဏ)ကို အသုံးချပြီး ယှဉ်ပြိုင်ကစားကြသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ မိမိတို့၏ ဉာဏ်ရည် ဉာဏ် သွေးများကို  အခြေခံပြီး လုံ့လဝီရိယနှင့် မပြတ်တမ်းအားထုတ်မှု၊ သင်ယူမှု ဆင်ခြင်သိတတ်မှုများကို ပေါင်းစပ်ပြီး စစ်တုရင် အားကစားနည်းကို ပိုမိုလေ့လာသင်ယူရင်း ယှဉ်ပြိုင်ကစားကြဖို့ တိုက်တွန်း မှာကြားလိုကြောင်း၊ ပြိုင်ပွဲမှာ အကဲဖြတ်ပေးကြမည့် ဒိုင်လူကြီးများ အနေဖြင့် သတ်မှတ် ထားသော ဉပဒေစည်းမျဉ်း/ စည်းကမ်းများနှင့်အညီ ဉပဒေဘောင်အတွင်းမှ တရားမျှတမှန်ကန်စွာ ဆုံးဖြတ် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းနှင့် အားကစားသမားများကလည်း ဒိုင်လူကြီးများ၏ အဆုံး အဖြတ်ကို ကျေကျေနပ်နပ် လက်ခံလိုက်နာစေလိုကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက  အားကစား သစ္စာအဓိဌာန်ရွတ်ဆို၍ မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ပထမဆုံးရွေ့ကွက်ရွေ့၍ ပြိုင်ပွဲကို ဖွင့်လှစ် ပေးကာ၊ စစ်တုရင်ပြိုင်ပွဲ ပြိုင်ပွဲဝင်ကစားသမားများ ယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲကို သြဂုတ်လ ၄ ရက် နေ့ထိ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း