မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ဗိဿနိုးမြို့ဟောင်းယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသ Property Zone အတွင်း စိုက်ပျိုးလုပ်ကိုင်နေမှုများအား အခြားကင်းလွတ်သည့်နေရာတွင် အစားထိုးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကျင်းပ

ဗိဿနိုးမြို့ဟောင်းယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသ Property Zone အတွင်း စိုက်ပျိုးလုပ်ကိုင်နေမှုများအား အခြားကင်းလွတ်သည့်နေရာတွင် အစားထိုးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကျင်းပ

မကွေး     သြဂုတ်     ၁၆

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ဗိဿနိုးမြို့ဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသ Property Zone အတွင်း စိုက်ပျိုးလုပ်ကိုင်နေမှုများအား အခြားကင်းလွတ်သည့် နေရာတွင် အစားထိုးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  သြဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(အောက်ထပ်)၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာဦးစီး ဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များက အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဗိဿနိုးမြို့ဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာဒေသ Property Zone အတွင်း စိုက်ပျိုးလုပ်ကိုင်နေမှုများအား အခြားကင်း လွတ်သည့်နေရာတွင် အစားထိုးပေးနိုင်ရေးဆိုင်ရာများနှင့် မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် ကိုးပင် - သက်ရာကောက် လမ်းဘေးဝဲယာတွင် တည်ရှိသည့် မြေလွတ်၊မြေလပ်၊ မြေရိုင်းများ နှင့် ပတ်သက်၍ ကွင်းဆင်းစိစစ်တွေ့ရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားကာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဗိဿနိုးမြို့ဟောင်း ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် ဖြစ်ပြီး Property Zone အတွင်းရှိ  စိုက်ပျိုးမြေများအား ဖယ်ရှားရာတွင် UNESCO ဆိုင်ရာ စံချိန် စံညွှန်းများ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ ဥပဒေ လုပ်ထုံးလုပ်နည်းများ နှင့် အညီဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။ 

ဆက်လက်၍ ရွှေ့ပြောင်းကျေးရွာအသစ်နှင့် စိုက်ပျိုးမြေများတည်ထောင်ရေး၊ ကျူးကျော်များ ရှင်းလင်းရေးဆပ်ကော်မတီ ဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် ကျေးရွာဟောင်းနှင့် စိုက်ပျိုးမြေများရွှေ့ပြောင်းရေးဆပ်ကော်မတီ ဥက္ကဌ လူမှုရေးရာသန်ကြီး ဦးစိုးပိုင်မြင့်တို့က တောင်တွင်းကြီးမြို့နယ် ဗိဿနိုးမြို့ဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာဒေသ Property Zone အတွင်း စိုက်ပျိုးလုပ်ကိုင်နေမှုများအား အခြား ကင်းလွတ်သည့် နေရာတွင် အစားထိုးပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြ ခဲ့ပြီး၊ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တိုက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြ သည်။

ဆက်လက်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးတို့က မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် ကိုးပင် - သက်ရာကောက် လမ်းဘေးဝဲယာတွင် တည်ရှိသည့် မြေလွတ်၊ မြေလပ်၊မြေရိုင်းများနှင့် ပတ်သက်၍ မြေလွတ်၊ မြေလပ်၊မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေအရ လုပ်ပိုင် ခွင့် အသုံးပြုခွင့် လျှောက်ထားမှု၊ ဒေသခံတောင်သူများ၏ သီးနှံစိုက်ပျိုးမှုအခြေအနေများအား ကွင်းဆင်း စိစစ်ဆောင်ရွက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကာ၊ တက်ရောက်လာသူများမှ ဗိဿနိုးမြို့ဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသ Property Zone အတွင်း စိုက်ပျိုးလုပ်ကိုင်နေမှုများအား အခြားကင်းလွတ်သည့် နေရာတွင် အစားထိုးပေးနိုင် ရေးနှင့် စပ်လှဉ်း၍ အထွေထွေအကြုံပြု ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်အကြီးအကဲမှ လမ်းညွှန် ထားမှုအား ဆောင်ရွက်မည့်အစီအမံ တင်ပြပြီးဖြစ်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြေနေရာချထားရေးကော်မတီနှင့် ရွှေ့ပြောင်းရေးနှင့်နေရာချထားရေးကော်မတီများမှ အဖွဲ့ခေါင်းဆောင် များက ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဆက်စပ်ဌာနများမှ မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်း များအား အခက်အခဲရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်နှင့် အဖွဲ့လိုက်ကုန်ကျမှု များအား ကြိုတင်ဘတ်ဂျက်ရေးဆွဲ၍ ထည့်သွင်းလျာထားမှုများကို ကြိုတင်စီမံ ဆောင်ရွက်ကာ အဆိုပါလုပ်ငန်း ၏ ခွင့်ပြုချက်ရရှိလာပါက အမြန်ဆုံး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း