မကွေး ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို သြဂုတ်လ ၁၉ ရက် ယမန်နေ့ ညနေ ၄ နာရီအချိန်က တိုင်းဒေသကြီး မိုးလုံလေုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေ သကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်၍ ဆုများ အသီးသီးချီမြှင့်ပေးအပ်ခဲ့ကြသည်။
၂၀၂၂-ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ဩဂုတ်လ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့ ထိ ကျင်းပပြလုပ်ရာ အမျိုးသားပွဲစဉ် ဗိုလ်လုပွဲအဖြစ် တောင်တွင်းကြီးမြို့နယ်အသင်းနှင့် စလင်း မြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တောင်တွင်းကြီးမြို့နယ်အသင်းက အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲ အခမ်းအနားကျင်းပရာ အမျိုးသမီး စားပွဲတင် တင်းနစ် တစ်ဦးချင်း ပြိုင်ပွဲတွင် ပူးတွဲတတိယဆုကို မကွေးမြို့နယ်အသင်းမှ မရတီစံနှင့် မြိုင်မြို့နယ်အသင်းမှ မအိမ်မှူး ခင်တို့က ရရှိခဲ့ပြီး ဒုတိယဆုကို ရေနံချောင်း မြို့နယ်အသင်းမှ မဂျူးဂျူးသော်နှင့် ပထမဆုကို မကွေး မြို့နယ်အသင်းမှ မရွှေရောင်လင်းလက်တို့က ရရှိခဲ့ပြီး၊ အမျိုးသမီးစားပွဲတင်တင်းနစ် အသင်းလိုက် ပြိုင်ပွဲတွင် တတိယဆုကို ပွင့်ဖြူမြို့နယ်အသင်း၊ ဒုတိယဆုရရှိသော ရေနံချောင်းမြို့နယ် အသင်းနှင့် ပထမဆု ရရှိသော မကွေးမြို့နယ်အသင်းတို့အား တိုင်းဒေသကြီး အမျိုးသမီး အားကစား အဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များက ဆုဆွဲပြား၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုများကို အသီးသီးချီးမြှင့် ပေးအပ်ခဲ့ပြီး၊ အမျိုးသားစားပွဲတင်တင်းနစ် တစ်ဦးချင်းပြိုင်ပွဲတွင် ပူးတွဲတတိယဆုကို ပခုက္ကူမြို့နယ် အသင်းမှ မောင်စွမ်းပိုင်သူနှင့် တောင်တွင်းကြီးမြို့နယ်အသင်းမှ မောင်လွင်ဘုန်း တို့က ရရှိခဲ့ပြီး ဒုတိယဆုကို စလင်းမြို့နယ်အသင်းမှ မောင်ညဏ်လင်းထွန်းနှင့် ပထမဆုကို တောင်တွင်းကြီးမြို့နယ် အသင်းမှ မောင်ကောင်းဆက်တို့က ရှိခဲ့ပြီး၊ အမျိုးသားစားပွဲတင်တင်းနစ် အသင်းအလိုက်ပြိုင်ပွဲတွင် တတိယဆုကို မင်းလှမြို့နယ်အသင်း၊ ဒုတိယဆုရရှိသော စလင်းမြို့နယ် အသင်းနှင့် ပထမဆုရရှိ သော တောင်တွင်းကြီးမြို့နယ်အသင်းတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများက ဆုဆွဲပြား၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့အား အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။