မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၅/၂၀၂၂)သို့ တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်  တိုင်းဒေသကြီးဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၅/၂၀၂၂)သို့ တက်ရောက်

မကွေး     သြဂုတ်    ၂၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၅/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက် သည်။

တိုင်းဒေသကြီးဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံဟာ စိုက်ပျိုးထုတ် လုပ်မှုစရိတ် နည်းပါးခြင်း၊ အပျက်အစီးနည်းခြင်း အထွက်နှုန်းနှင့် တစ်ဧက  ဆီထွက်နှုန်းကောင်းခြင်း တို့ကြောင့်  နေကြာသီးနှံအား တိုးချဲ့စိုက်ပျိုးလျက်ရှိရာ  မိုးနေကြာလျာထားချက် ပြည့်မီအောင် စိုက်ပျိုးရန် ရက်အနည်းငယ်သာ ကျန်ရှိတော့အဖြင့် သီးသန့် သီးညှပ်စိုက်မည့် ဧရိယာအားလုံး သြဂုတ်လနှင့် စက်တင်ဘာလအတွင်း စိုက်ပျိုးပြီးစီးနှိုင်ရေး တွန်းအားပေး ကြပ်မတ်ဆောင်ရွက်သွားကြရမှာဖြစ် ကြောင်း၊ မိုးနေကြာ စိုက်ပျိုးမှုနှင့် ပတ်သက်၍ မိုးဦးတွင် တွေ့ကြုံရသည့် ပြဿနာများကို သင်ခန်းစာ ယူပြီး  မိုးလယ်တွင် မဖြစ်စေရေးအထူးသတိပြု ကြပ်မတ်ဆောင်ရွက်ကြဖို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ကဏ္ဍ အနေဖြင့် စိုက်ပျိုးရေရရှိရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး၊ ပိုးမွှားကျ ရောက်မှုအန္တရာယ် ကာကွယ်ရေးနှင့် နွေစပါးစိုက်တောင်သူများ ယူရီးယားဓာတ်မြေဩဇာများ ပံ့ပိုးပေး နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ကြဖို့၊ မိုးနှောင်းဝါ သတ်မှတ်အထွက်နှုန်း ရရှိရန်အတွက် မျိုးကောင်း မျိုးသန့် သုံးစွဲနိုင်ရေး၊ မြေသြဇာစနစ်တကျ သုံးစွဲရေး၊ တစ်ဧကမှာရှိရမည့် အပင်အရေ အတွက် ပြည့် မီရေး ဝန်ထမ်းများမှ အောက်ခြေအထိ ကွင်းဆင်း ကြပ်မတ်ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဓိကကြုံတွေ့နေရသည့် အခက်အခဲများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ကူညီထောက်ပံ့ပေးရမည့် အရာများနှင့်ပတ်သက်၍ အချိန်မီတင်ပြပေးနိုင်ရေး ဆောင်ရွက် ထားရှိရန် လိုအပ်ကြောင်း စသည်ဖြင့်မှာကြား ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ လုံခြုံ‌ရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းက စိုက်ပျိုးရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်ဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူးက  တိုင်းဒေသကြီး ဆီထွက် သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁၄/၂၀၂၂) ဆုံးဖြတ်ချက် များအား ဖတ်ကြားရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူးတို့က မိမိတို့ လုပ်ငန်းကဏ္ဍအလိုက် ရှင်လင်း တင်ပြ ဆွေးနွေးမှုများနှင့် တိုင်းဒေသကြီးအတွင်းမှ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြ ဆောင်ရွက်ခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည် များကို  ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း