မကွေး သြဂုတ် ၂၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့်အတူ တာဝန်ရှိသူများလိုက်ပါကာ သြဂုတ်လ ၂၅ ရက်နေ့ နေလယ် ၂ နာရီ အချိန်က မကွေးမြို့ ဖန်ခါးမြေဘိုးဘွားရိပ်သာမှ အဘိုး၊အဘွားအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးမှုအား ကြည့်ရှုအားပေးကာ၊ ဘိုးဘွားများအား ထောက်ပံ့ငွေနှင့် အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖန်ခါးမြေဘိုးဘွားရိပ်သာသို့ ရောက်ရှိစဉ် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ အဖွဲ့ဝင်များနှင့်အတူ သက်ကြီးဘိုးဘွားများအား ဂါရဝပြု ကန်တော့ ခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့တို့မှ လှူဒါန်းသည့် ထောက်ပံ့ ငွေနှင့်ဆေးစိမ်ခြင်ထောင်များ၊ အားဆေးနှင့်အခြားဆေးဝါးများ၊ Mask ၊ လက်သန့်ဆေးရည်၊ စားသောက် ဖွယ်ရာမုန့်ဘီစကစ်များအပါအဝင် အသုံးအဆောင်ထောက်ပံ့ပစ္စည်းများအား အဘိုးအဘွားတစ်ဦး ချင်းထံ ထောက်ပံ့ပေးအပ်ကာ၊ မြို့နယ်ကျန်းမာရေးဌာနမှ အဘိုးအဘွားများအား ကိုဗစ်ရောဂါ ကာဆေး အကြိမ်ပြည့်ထိုးနှံပေးခြင်း၊ အကြိမ်ပြည့် ထိုးနှံမှုပြီးစီးကာလ(၆)လ ပြည့်ပြီးသူ အဘိုးအဘွား များအား ထပ်ဆောင်း(Booster Dose) ထိုးနှံပေးခြင်းနှင့် အခြားလိုအပ်သည့် ကျန်းမာရေး စောင့်ရှောက် မှုများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှု၍ အဘိုးအဘွားများအား လိုက်လံနှုတ်ဆက် အားပေးစကား များ ပြောကြားခဲ့ကြောင်း သိရသည်။