မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး     သြဂုတ်     ၂၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၈ ရက် ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားသူကြီး ချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစား အဖွဲ့နာယက၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ များနှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား/ကျောင်းသူများနှင့် ဝါသနာရှင် များတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့်  ပြိုင်ပွဲဝင်များသည် တိုင်းဒေသကြီးအဆင့် (၂၃)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ခရိုင်/မြို့နယ်များတွင် အဆင့်ဆင့် ယှဉ်ပြိုင်ကျော်ဖြတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆို၊အက၊ အရေး၊ အတီးဆိုသည့် အနုပညာသည့် သိမ်မွေ့နက်နဲသည့် အဓိပ္ပာယ် ဆောင်သလို လူတို့၏  စိတ်စေတနာအား လှုံ့ဆော်နှိုးဆွရာတွင် အစွမ်းထက်လှပါကြောင်း၊ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင် ယဉ်ကျေးမှု၊ စာပေ၊  အနုပညာများရှိကြပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော နည်းပညာခေတ်တွင် မိမိတို့ရိုးရာယဉ်ကျေးမှုများအား တိုးဝင် ပွတ်တိုက်သွားသည်ကို မလွဲမသွေ ခံစားရမည်ဖြစ်ပါကြောင်း၊ ယခုကဲသို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပခြင်းဖြင့် မိမိတို့ရိုးရာယဉ်ကျေးမှုများအား ဖော်ထုတ်ထိန်းသိမ်းနိုင်သကဲ့သို့ မျိုးဆက်သစ် လူငယ်များကိုလည်း လက်ဆင့်ကမ်းနိုင်မည်ဖြစ်ပါကြောင်း၊  နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စု အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဦးတည်ချက် (၄)ရပ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မိမိတို့တိုင်းဒေသကြီးအနေဖြင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် အောင်မြင်စွာ ပါဝင် ယှဉ်ပြိုင်နိုင်ရေးအတွက် ယခုပြိုင်ပွဲကို တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်း ကော်မတီများ အနေဖြင့် မိမိတို့ရရှိထားသည့် အတွေ့အကြုံများကို အခြေခံပြီး စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ယှဉ်ပြိုင်သင့် သူများအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်စေရေးနှင့် ထူးချွန်ထက်မြက်သည့် အနုပညာရှင်များ ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်းစသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက်  မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး တေးသံရှင်၊ အဆိုရှင်များက မြန်မာ့မူဟန် တေးသီချင်းနှင့် ခေတ်ဆန်းချိန် တေးသီချင်း များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

 

ထို့နောက် ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများနှင့် ဝါသနာရှင်များမှ အဆင်မြင့်ပညာအဆင့် အမျိုးသမီးတစ်ဦးချင်း အကများဖြင့် ယှဉ်ပြိုင်ခြင်း၊ အခြေခံပညာ အဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ်အထိ အမျိးသမီးတစ်ဦးချင်းအက ယှဉ်ပြိုင်ခြင်းနှင့် အဆင့်မြင့် ပညာ အဆင့် အမျိုးသားတစ်ဦးချင်းအကတို့အား ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မကွေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းဟေဝန်ခန်းမ၌ ကျင်းပဆောင်ရွက်သည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုပြိုင်ပွဲနှင့်အရေးပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအား လိုက်လံကြည့်ရှု အားပေး ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း