မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး   ဩဂုတ်  ၂၆

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်း များဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ဘိုးဘွားရိပ်သာများအတွက် ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ ၂၆ ရက် နံနက်(၉)နာရီအချိန်က မကွေးမြို့၊ မူလတန်းကြို ကျောင်း၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်ဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများနှင့် ဘိုးဘွားရိပ်သာ များမှ ကြီးကြပ်မှု ကော်မတီဝင်များနှင့် ဂေဟာမှူးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်း(၇)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အား ထောက်ပံ့ရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်နိုင်ငံတော်မှ ခွဲဝေရရှိသည့် ဘဏ္ဍာရန်ပုံငွေဖြင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာများ၊ ဘိုးဘွား ရိပ်သာများ၊ အမျိုးသမီးဂေဟာများနှင့် မသန်စွမ်းဂေဟာများကို သတ်မှတ်အဆင့်အလိုက် တစ်နှစ် လျှင်(၁)ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် မိမိတို့ တိုင်းဒေသ ကြီးအတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးဂေဟာ(၃)ခု၊ စေတနာမူလတန်းညကျောင်း(၁)ကျောင်းနှင့် ဘိုးဘွား ရိပ်သာ(၅)ခုရှိ ကလေးသူငယ်များ၊ ဘိုးဘွားများအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် သိန်း (၂၅၀)ခန့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ကလေးသူငယ်များနှင့် ဘိုးဘွားများအတွက် အကျိုးရှိစွာ အသုံးချ ရန်နှင့် အလွဲမသုံးမိစေရန် လိုအပ်ပါကြောင်းနှင့် ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာများမှ ကြီးကြပ် သူ တာဝန်ခံများအနေဖြင့်လည်း ဂေဟာ/ရိပ်သာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ရေး အတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်ချက်များကို စိတ်အားထက်သန်စွာဖြင့် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း စသည် ဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများနှင့် စေတနာမူလတန်း ညကျောင်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တာဝန် ရှိသူတို့က ထောက်ပံ့ငွေများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့ အစည်းများကိုယ်စား စေတနာ့ဝန်ထမ်းတစ်ဦးမှကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့မူလတန်းကြိုကျောင်း ရှိ ကလေးငယ်များအား သင်ကြားသင်ယူနေမှုအား ကြည့်ရှုကာ ကလေးငယ်များအား စားသောက် ဖွယ်ရာ မုန့်နှင့်အချိုရည်များ ပေးဝေခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း