မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အလွတ်တန်းဘိလိယက်နှင့် မြို့နယ်ပေါင်းစုံ စနူကာပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား တက်ရောက်

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အလွတ်တန်းဘိလိယက်နှင့် မြို့နယ်ပေါင်းစုံ စနူကာပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား တက်ရောက်

မကွေး     သြဂုတ်     ၃၀

၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် ဘိလိယက်ပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ စနူကာပြိုင်ပွဲကို  သြဂုတ်လ ၂၆ ရက်နေမှ စတင်၍ ယှဉ်ပြိုင် ကစားခဲ့ပြီး ယမန်နေ့ ညနေ ၄ နာရီက တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ ဗိုလ်လုပွဲ ပွဲစဉ်နှင့် ဆုပေးပွဲ အခမ်း အနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖနှင့် လူငယ်မောင်မယ် များ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက် ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် အလွတ်တန်း မြို့နယ်ပေါင်းစုံ စနူကာပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရေနံချောင်းမြို့နယ်မှ မောင်ဟိန်းလတ်နှင့် သရက်မြို့နယ်မှ မောင်သက်နောင်ဝင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အလွတ်တန်း ဘိလိယက်ပြိုင်ပွဲတွင်   ပထမ ဆုကို မင်းဘူးခရိုင်မှ မောင်ကျော်ဌေး၊ ဒုတိယ မင်းဘူးခရိုင်မှ မောင်ခိုင်လေးနှင့် တတိယဆုကို မကွေး ခရိုင်မှ မောင်လင်းအောင်တို့က ရရှိခဲ့ကြပြီး၊ အလွတ်တန်း မြို့နယ်ပေါင်းစုံ စနူကာပြိုင်ပွဲတွင် ပထမဆု ကို သရက်မြို့နယ်မှ မောင်သက်နောင်ဝင်း၊ ဒုတိယဆုကို ရေနံချောင်းမြို့နယ်မှ မောင်ဟိန်းလတ်နှင့် တတိယဆုကို မြိုင်မြို့နယ်မှ မောင်ချမ်းမြေ့သိန်းတို့က ရရှိကာဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က ဆုကလပ်နှင့်ငွေသားဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယခုပြိုင်ပွဲကို လူငယ်လူရွယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို့ ပတ်ဝန်းကျင် တွင် ကျယ်ကျယ်ပြန့်ပြန့် ကစားရာမှ တိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့်စနူကာ အားကစား သမား ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် မကွေးတိုင်း  ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် ဘိလိယက်ပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ စနူကာပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခရိုင်မှ ဘိလိယက်နှင့်စနူကာ ကစားသမားများ ပါဝင်ယှဉ်ပြိုင်ကာ  ပြိုင်ပွဲကို (၂၆-၈-၂၀၂၂) ရက်နေ့မှ (၂၉-၈-၂၀၂၂)ရက်နေ့ထိ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း