မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး(၄/၂၀၂၂)တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်  တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့  အစည်းအဝေး(၄/၂၀၂၂)တက်ရောက်

မကွေး     သြဂုတ်     ၃၀

မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း  အစည်း အဝေး(၄/၂၀၂၂)ကို သြဂုတ်လ ၃၀ ရက် ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ အနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လက်ရှိအခြေအနေတွင် စားနပ်ရိက္ခာ ဖူလုံရုံသာမက လယ်ယာကုန်ထုတ်လုပ်မှုဖြင့် လူနေမှုအဆင့်အတန်း မြင့်မားရေး ဆောင်ရွက်ရန် ရည်ရွယ်၍ လယ်ယာစိုက်ပျိုးမြေများ လျော့ပါးမှုမရှိစေရေး မူဝါဒများ တိတိကျကျ ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ “ တိုးချဲ့မြို့ပြစီမံကိန်းများ ဆောက်လုပ်ရန်အတွက် မြေပြန့်နေရာများနှင့် စိုက်ပျိုးမြေ များအား ခွင့်မပြုရေး မူဝါဒတစ်ရပ်ချမှတ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းအိမ်ယာများ စီးပွားရေးအထူး ဇုန်များ၊ စက်မှုဇုန်များကို စိုက်ပျိုးမြေများတွင် ဆောင်ရွက်ခြင်း မရှိအောင် ထိန်းသိမ်းစောင့်ရှောက် ရန်နှင့် စိုက်ပျိုးမြေများအား အခြားနည်းလမ်းများဖြင့် အသုံးမပြုနိုင်စေရေး ” ကြပ်မတ်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ညွှန်ကြားထားရှိပြီးဖြစ်သဖြင့် ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး၊ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ဖြစ်စေရေးအတွက် ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက် ပေးရန် တိုက်တွန်းပြောကြားလိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဥပဒေနှင့် အညီ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်ရရှိရေး လျှောက်ထားမှုများရှိသလို ခွင့်ပြုချက်မရှိဘဲ အခြားနည်းကျူးလွန် အသုံးပြုနေမှုများရှိနေကြောင်း စိစစ်တွေ့ရှိရပြီး၊ ခွင့်ပြုချက်မရှိဘဲ အခြားနည်း ကျူးလွန် အသုံးပြုမှုများအား သေချာစွာ စာရင်းကောက်ပြုစု၍ မှတ်တမ်းတင်ထားရှိရန်နှင့် ထိရောက် စွာ တားမြစ်အရေးယူ ဆောင်ရွက်ရန်လည်း လိုအပ်မှာဖြစ်ကြောင်း၊ လယ်ယာမြေအား ခွင့်ပြုချက် မရှိဘဲ အခြားနည်းကျူးလွန်အသုံးပြုမှုများ ထပ်မံတိုးချဲ့ဆောင်ရွက်မှုမရှိအောင် ဝိုင်းဝန်း ထိန်းသိမ်း သွားကြရန်နှင့် တည်ဆဲလယ်ယာ မြေဥပေဒများနှင့်အညီ စိစစ်ဆောင်ရွက်သွားကြရန်လည်း လိုအပ် ပါကြောင်း၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေစီမံခန့်ခွဲမှု ကိစ္စရပ် များကို ဆောင်ရွက်ရာမှာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့ကို ရှေ့ရှု၍ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြား ချက်များနှင့်အညီ ဆက်စပ်ပတ်သက်သည့် ဌာနအဖွဲ့အစည်းအားလုံးနှင့် ချိပ်ဆက်ပြီး အောင်မြင်မှု ရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန်မှာကြား ဆောင်ရွက်သည်။

ဆက်လက်၍ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်လျှောက်ထားသည့် အမှုတွဲ(၄၀)နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)ပျက်စီး/ပျောက်ဆုံးသဖြင့် ဒုတိယမူရင်း(သို့မဟုတ်)မိတ္တူမှန် ထုတ်ပေးပါရန် လျှောက်ထား သည့် အမှုတွဲ(၃)တွဲတို့အား သဘောထားမှတ်ချက်ပေးနိုင်ရန် ဆွေးနွေးတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ တင်ပြဆောင်ရွက်ခဲ့မှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့က  စိစစ်၍ ခွင့်ပြုခြင်း၊ ပယ်ဖျက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နောက်ဆုံးရ သတင်း