မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တတိယနေ့) ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တတိယနေ့) ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

မကွေး        ဩဂုတ်      ၃၁

           မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တတိယနေ့)အဖြစ် ယမန်နေ့နံနက်(၉)နာရီအချိန်မှစတင်၍ မကွေးမြို့ မြို့တော် ခန်းမနှင့် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း ပန်းဟေဝန် ခန်းမတို့တွင် ဆက်လက် ယှဉ်ပြိုင်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးသည်။

           တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် မကွေးမြို့၊ မြို့တော်ခန်းမသို့ ရောက်ရှိစဉ် အကပြိုင်ပွဲအဖြစ် အသက်(၁၀)နှစ်မှ (၁၅)နှစ်အတွင်း အမျိုးသား/အမျိုးသမီး တစ်ဦးချင်း အကပြိုင်ပွဲ၊ အသက်(၁၀)နှစ်မှ (၁၅)နှစ် အမျိုးသမီး ကဗျာလွတ် အကပြိုင်ပွဲ၊ အသက်(၁၀)နှစ်မှ (၁၅)နှစ် အခြေခံ ဒိုးပတ်ပြိုင်ပွဲနှင့် ဝါသနာရှင် ဒုတိယတန်း ဒိုးပတ်ပြိုင်ပွဲနှင့် ဝါသနာရှင်(ပထမတန်း) ကွက်စိပ်ပြိုင်ပွဲတို့အား ကြည့်ရှုအားပေးပြီး ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးသည်။

           မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး တတိယနေ့ ပွဲစဉ်များအဖြစ် မကွေးမြို့ မြို့တော်ခန်းမ၌ အသက်(၁၀)နှစ်မှ (၁၅)နှစ် အတွင်း အမျိုး သား/ အမျိုးသမီး တစ်ဦးချင်းအကပြိုင်ပွဲ၊ အခြေခံပညာ အမျိုးသမီး ကဗျာ လွတ် အကပြိုင်ပွဲ၊ အခြေခံ ဒိုးပတ်ပြိုင်ပွဲနှင့် ဝါသနာရှင် ဒုတိယတန်း ဒိုးပတ်ပြိုင်ပွဲများနှင့် ဝါသနာရှင် (ပထမတန်း) ကွက်စိပ်ပြိုင်ပွဲ များနှင့် မကွေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းဟေဝန်ခန်းမ၌ (၂၃)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုပြိုင်ပွဲနှင့် အရေးပြိုင်ပွဲများ ကျင်းပဆောင်ရွက် ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း