မကွေး စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့်အတူ သက်ဆိုင်ရာဌာန တာဝန်ရှိသူများ လိုက်ပါကာ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက နတ်မောက်မြို့နယ်ရှိ ပ/လက်ခုပ်ပင်ကျေးရွာ အုပ်စု စာရာန်အိုင့်ကျေးရွာ ကွင်းအမှတ်(၈၃၅)ယာယီရှင်းလင်းဆောင်တွင် မိုးစပါးမျိုးစေ့ထုတ်တောင် သူများနှင့် တွေ့ဆုံကာ၊ ရွာမွန်ကျေးရွာရှိ ချည်မျှင်ရှည်ဝါ(၅၀)ဧက မျိုးစေ့ထုတ်ဇုန် ရွှေတောင် (၁၀) စိုက်ခင်းအား ကြည့်ရှုစစ်ဆေးသည်။
နတ်မောက်မြို့နယ် ပ/လက်ခုပ်ပင်ကျေးရွာအုပ်စု စာရာန်အိုင့်ကျေးရွာ ကွင်းအမှတ် (၈၃၅) ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိစဉ် ဒေသခံတောင်သူများနှင့် တွေ့ဆုံရာ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များနှင့် မိုးစပါး မျိုးစေ့စိုက်ပျိုး ထုတ်လုပ်မှု အခြေအနေများအား မြို့နယ်စိုက်ပျိုးရေးဦးစီဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ရှင်းလင်းတင်ပြခဲ့ပြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆန်အရည် အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းသည့် စပါးမျိုးများ စိုက်ပျိုးနိုင်ရေးဆိုင်ရာများနှင့် ပတ်သက် ၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ အနေဖြင့် စိုက်ပျိုးရေးကို အခြေခံ၍ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အတွင်းရှိ ပြည်သူ(၇၀)ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးလုပ်ကိုင် သောကျေးလက်နေပြည်သူများဖြစ်တာကြောင့် တောင်သူများလူနေမှုဘဝမြင့်မားစေရေးနှင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က အထူးအလေး ထား ပံ့ပိုးကူညီဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေးနှင့် စီးပွားဖြစ် စပါးမျိုးစေ့ထုတ် စိုက်ခင်းများ စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့် စပါးမျိုးများကို သေချာစိစစ် ရွေးချယ်ပြီး စိုက်ပျိုးနည်းစနစ် မှန်ကန်စွာ စိုက်ပျိုးနိုင်မှသာ စပါးအထွက်နှုန်း တိုးတက်ကောင်းမွန် မှာဖြစ်ပါကြောင်း၊ မျိုးစေ့ထုတ် လုပ်ငန်းကို အထောက်အကူဖြစ်စေရေးနှင့် မျိုးစေ့ဖိုး ကုန်ကျစရိတ် သက်သာစေရေးအတွက် ကိုယ့်မျိုးကိုယ်ထား ခေါင်နှံမျိုးပွား စိုက်ပျိုးနည်းစနစ်များကိုလည်း စမ်းသပ် စိုက်ပျိုးဆောင်ရွက်စေလိုကြောင်း၊ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေရရှိရေးနှင့် တစ်နှစ်ကို သီးနှံသုံးသီး(သုံးရာသီ) စိုက်ပျိုးနိုင်စေရေးအတွက် ဆိုလာလျှပ်စစ်သုံး မြစ်ရေတင် စီမံကိန်းများနှင့် မြေအောက်ရေသုံး ဆိုလာစက်ရေတွင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အကုန်ကျခံ ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးများမှုအပေါ် တောင်သူများက လည်း မိမိတို့ဘက်မှ ထမ်းဆောင်ရမည့် ရေခွန်များကို စနစ်တကျ လစဉ်ကျေပွန်စွာ ပေးသွင်းစေလို ကြောင်းနှင့် စိုက်ရေးပျိုးရေး ဆိုင်ရာများကို တောင်သူအသိပညာပေး ပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများမှ မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် က ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နေကြာစိုက်ပျိုးမည့် တောင်သူ (၅၀)ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ရေစင်း(၁)ဆပ်မျိုးနေကြာအား တစ်ဧက (၁)အိတ်နှုန်း ထောက်ပံ့ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် စိုက်ပျိုးထားသည့် မိုးစပါး RS – CS မျိုးစေ့ထုတ်(၅၀)ဧက စံကွက်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာအုပ်စု ရွာမွန်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေး စီမံကိန်း ချည်မျှင်ရှည်ဝါ(၅၀)ဧက မျိုးစေ့ထုတ်ဇုန် ရွှေတောင်(၁၀) စိုက်ခင်းသို့ ရောက်ရှိပြီး ချည်မျှင် ရှည်ဝါစိုက်ခင်းအား ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးနှင့် အားပေးစကားများ ပြောကြားသည်။ ထို့နောက် နေကြာစိုက်ပျိုးမည့် တောင်သူ များအား ဆင်းရွှေကြာ(၂) နေကြာမျိုးများ ထောက်ပံ့ပေးခဲ့ပြီး စိုက်ပျိုးထားသည့် ချည်မျှင်ရှည်ဝါ ရွှေတောင်(၁၀)စိုက်ခင်းအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီးအတွင်း ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ဝါစိုက်ဧရိယာ လျာထားချက် ပြည့်မီရေး၊ ဝါ(၁)ဧက အထွက်နှုန်း လျာထားချက်ပြည့်မီရေးနှင့် ဝါအရည်အသွေးကောင်း ထုတ်ကုန် များရရှိရေး ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် ဝါသီးနှံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါမျိုးစုံ စုစုပေါင်း(၁၉၄၀၀၀)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး၊ ယခု ရက်ပိုင်းအတွင်း မိုးရွာသွန်းမှု အားကောင်းခဲ့၍ (၃-၉-၂၀၂၂) ရက်နေ့အထိ ဝါမျိုးစုံစုစုပေါင်း (၁၀၇၇၈၈) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။