မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ညောင်ပင်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ညောင်ပင်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်

မကွေး     စက်တင်ဘာ     ၁၁

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ညောင်ပင်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၁ ရက် နံနက် ၉ နာရီက အဆိုပါကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ အတွင်းရေးမှုး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီးပညာရေးမှူး ဦးသက်လေးဦးတို့ တက်ရောက်၍ ကျောင်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ညောင်ပင်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပရာ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့် လွင်က ဒေသတစ်ခု လူမျိုးတစ်မျိုး တိုးတက်ဖို့ဆိုတာ လူမှုရေးဖွံ့ဖြိုးမှု၊ စီးပွားရေးဖွံ့ဖြိုးမှု ကျန်းမာရေး ဆိုင်ရာစောင့်ရှောက်မှုတွေ ပြည့်စုံနေရေးက အခြေခံကျသလို ပညာဆိုလည်း မပါမဖြစ် အခြေခံ အကျဆုံးအရာဖြစ်ကြောင်း၊ “ ပညာလို ဝေးသည်မရှိ ” ဖြစ်ရလေအောင် နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်တောရွာမကျန် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းများအပြင် ယွန်းသိပ္ပံ၊ သမဝါယမ သင်တန်းကျောင်း၊ သက်မွေးပညာသင်ကျောင်းများ၊ စက်မှုလက်မှုအတတ်ပညာသင်ကျောင်းများ၊ စိုက်ပျိုးရေးကျောင်းများကို နှစ်စဉ်တိုးချဲ့ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ယခုပညာသင်နှစ်မှာ မကွေး တိုင်းဒေသကြီးအတွင်း အထက်တန်းကျောင်း (၁၅)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၃၆)ကျောင်း၊ အလယ်တန်းကျောင်း(၃၉)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၃၃)ကျောင်း၊ မူလတန်းကျောင်း(၈) ကျောင်း၊ မူလတန်းကျောင်းခွဲ(၂)ကျောင်းနှင့် မူလွန်(၇)ကျောင်း စုစုပေါင်း(၁၄၀)ကျောင်းကို အဆင့် တိုးမြှင့် ဖွင့်လှစ်ပေးနိုင်ခဲပါကြောင်း၊ ညောင်ပင်ကြီးကျေးရွာ အနေဖြင့် အထက်တန်းကျောင်းခွဲကနေ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ပြီမို့ ကျောင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ပိုလာနိုင်မှာ ဖြစ်ပြီး ကျေးရွာအတွက် ပိုမိုအကျိုးဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ သို့သော် ကျောင်းဆိုတာ ရေမြင့်မှ ကြာတင့်ဆိုသလို ကျေးရွာတွေကပြုစု စောင့်ရှောက်တတ်မှ ဖွံ့ဖြိုးမှုအရှိန် လျော့မကျမှာ ဖြစ်ကြောင်း၊ ကျောင်းနဲ့ကျေးရွာ၊ ကျေးရွာနဲ့ကျောင်းဆိုတာ အမြဲဒွန်တွဲနေမှ အဲ့ဒီကျေးရွာရဲ့ ပညာရေးက တန့်မသွား ဘဲ တိုးတက်ရှင်သန်နေမှာဖြစ်တဲ့အတွက် ဒေသခံကျေးရွာပြည်သူများအနေဖြင့် စည်းလုံး ညီညွတ်စွာ ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်နွယ်က ကျောင်းအဆင့်တိုးရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အကြီးအကဲများအား ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အလံများအား ဂုဏ်ပြု ပေးအပ်ကာ၊ ကျောင်းအကျိုးတော်ဆောင် ဦးထွန်းရင်က ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့ သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ မေးမြန်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးပြီး ကျောင်တွင်အသုံပြုရန်အတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ဘင်ခရာတီးဝိုင်းနှင့် ပန်းပွားအကတို့ဖြင့် ဖျော်ဖြေခဲ့ကြသော ကျောင်းသား၊ ကျောင်းသူလေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း