မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး ၂၀၂၂ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး ၂၀၂၂ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်

မကွေး    စက်တင်ဘာ    ၉

မကွေးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးအနေ့ အခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်က  မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို “ ဝထကလသ” တေးသီးချင်းဖြင့် သရုပ်ဖော်တင်ဆက်ခဲ့ပြီး မကွေး တိုင်းဒေသကြီး ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ကမ္ဘာ့နိုင်ငံအသီးသီးတွင် စာတတ်မြောက်ရေးလုပ်ငန်းများ ထိရောက် အောင်မြင်စေရန် ရည်ရွယ်ပြီး ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့တွင် အီရန်နိုင်ငံ တီဟီရန် မြို့တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည့် ကမ္ဘာ့စာတတ်မြောက်ရေး ကွန်ယက်တစ်ရပ်ကို ကုလသမဂ္ဂယူနက်စကို အထွေထွေညီလာခံမှ “နိုင်ငံတကာ စာတတ်မြောက် ရေးနေ့”အဖြစ် သတ်မှတ်ပြဌာန်းပေးခဲ့ပြီး လူသားတစ်ဦးချင်း၏ ရပိုင်ခွင့်နှင့် အားလုံး အကျုံးဝင်သည့် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံဖြစ်သည့် စာတတ်မြောက်မှုကို ပညာသင်ယူ နိုင်သည့် အခွင့်အလမ်းအဖြစ် ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်ရန် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကို နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံမှာလည်း ၁၉၆၇ ခုနှစ်နှင့် ၁၉၆၈ ခုနှစ်အတွင်း သက်ကြီးများကို စာမတတ်သူပပျောက်ရေး “အ”သုံးလုံးသင်တန်းများဖြင့် တစ်နိုင်ငံလုံးအား သွန်ခွန် စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး ၁၉၉၆ ခုနှစ် ဇွန်လမှ စတင်ပြီး ယခုနှစ်အထိ စီမံကိန်းဝင် မြို့နယ် ပေါင်း(၈၉)မြို့နယ်တွင် ကျောင်းလုံးဝမနေဖူးသည့် ကလေးများနှင့် မူလတန်းမပြီးဆုံးသည့် ကလေး များအတွက် “ကျောင်းပြင်ပမူလတန်း ပညာရေးအစီအစဉ်” ကိုချမှတ်ပြီး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မိမိတို့တိုင်းဒေသကြီးအတွင်း၌လည်း အခြေစိုက်စခန်း(၁၀)ခုဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ “ပညာရေးသည် နိုင်ငံတော်၏ အခြေခံအုတ်မြစ် ဖြစ် သလို ပညာရေးကောင်းမှနိုင်ငံတော်အခြေခံအုတ်မြစ် ခိုင်မာတောင့်တင်း ကောင်းမွန်လာမည် ဖြစ် ကြောင်း” ဆိုသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းနေရွယ် ကလေးသူငယ် များအားလုံး ကျောင်းနေနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးသက်လေးဦးက ယူနက်စကို ညွှန်ကြားရေးမှူချုပ်ထံမှ ပေးပို့သည့် “နိုင်ငံတကာစာတတ်မြောက်ရေးနေ့” သဝဏ်လွှာကို ဖတ်ကြား ခဲ့ပြီး မြန်မာနိုင်ငံ၏ စာတတ်မြောက်ရေးနေ့လှုပ်ရှားမှုမှတ်တမ်း ဗီဒီယိုကလစ်အား ပြသခဲ့သည်။

ထို့နောက် နိုင်ငံတာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ကာတွန်းနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသ ကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ကျောင်းသား/သူလေးများက “တိုင်းရင်းသားရိုးရာအက”နှင့် “ပညာတတ်ဖို့ ကျောင်းတက်စို့” တေးသီးချင်းတို့ဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြောင်းနှင့် အခမ်းအနားတွင် တေး သရုပ်ဖော်နှင့် ကပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား / ကျောင်းသူလေးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း