မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံလူတန်းစားအိမ်ထောင်စုများအား စားကုန်များနှင့် နှာခေါင်းစည်း Mask များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံလူတန်းစားအိမ်ထောင်စုများအား စားကုန်များနှင့် နှာခေါင်းစည်း Mask များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး     စက်တင်ဘာ     ၁၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် မကွေးမြို့၊ အောင်မေတ္တာ ရပ်ကွက် အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၃ ရက်  ယနေ့နံနက် ၉ နာရီအချိန်က မကွေးမြို့၊ အောင်မေတ္တာ ရပ်ကွက် ဓမ္မာရုံရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ ရပ်ကွက်နေပြည်သူများထံ အခြေခံစားသောက်ကုန်များနှင့် နှာခေါင်းစည်း Mask များ အသီးသီး ထောက်ပံ့ပေးအပ်ကာ  အိမ်ထောင်စုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားသည်။ 
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးလေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး  ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တရားသူကြီးချုပ် ဦးစိန်ထွန်း၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ ဥပဒေချုပ် ဦးဝင်းမြင့်၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့်အတူ မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါကာ မကွေးမြို့၊ အောင်မေတ္တာ(က၊ ခ၊ ဂ၊ ဃ) ရပ်ကွက်တို့မှ စားသောက်ရေး အခက်အခဲ ဖြစ်ပေါ်နေသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၅၀၀)တို့အတွက် တစ်အိမ်ထောင်လျှင် ဆန်(၁)ပြည်၊ ကြက်သွန်(၂၅)ကျပ်သား၊ ဆီ(၃၀)ကျပ်သား၊ ကုလားပဲ(၃၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား နှင့် Mask(၁၀)ခု တို့အား ထောက်ပံ့ဆောင်ရွက်ပေးခဲ့ရာ ပြည်သူများမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တကွ တာဝန်ရှိသူအားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် အခက်အခဲဖြစ်ပေါ် နေချိန်တွင် ထောက်ပံ့ပေးမှုအတွက် ဝမ်းမြောက်လျက် ရှိကြောင်း သိရသည်။
ထို့အတူ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီသီးတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဉ် ဆောင်ရွက်မှုဖြင့် နယ်မြေခံတပ်နယ် အသီးသီးမှ အခြေခံစားသောက်ကုန်နှင့် အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ဒေသခံပြည်သူများအား ရောင်းချဆောင်ရွက်လျက်ရှိကြောင်း နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ ထိရောက်စွာ  အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ် မှုဖြင့် Mask Campaign  များပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရ သတင်း