မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးမှ ဂုဏ်ပြုယာဉ်များ အောင်မြင်စွာ ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးမှ ဂုဏ်ပြုယာဉ်များ အောင်မြင်စွာ ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မကွေး       စက်တင်ဘာ      ၁၄

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးမှ ဂုဏ်ပြုယာဉ်များ အောင်မြင်စွာပြသနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၃ ရက်နေ့မွန်းလွဲ ၁ နာရီအချိန်က တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကားပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် မိမိတို့တိုင်းဒေသကြီး အနေဖြင့် ဂုဏ်ပြုယာဉ် (၃) စီးဖြင့် ပြသသွားမည်ဖြစ်ပြီး  စိန်ရတုပြည်ထောင်စုနေ့တွင်လည်း မိမိတို့တိုင်းဒေသကြီးအနေဖြင့် ပထမဆု ဆွတ်ခူးနိုင်ခဲ့ပြီး ယခု စိန်ရတုလွတ်လပ်ရေးနေ့တွင်လည်း ဆုများ ဆက်လက် ဆွတ်ခူး နိုင်ရေး အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဂုဏ်ပြုယာဉ်များ ပြသရာတွင် လွတ်လပ်ရေးနေ့အဓိပ္ပါယ်အား ပြည်သူများသိရှိနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ဂုဏ်ပြု ယာဉ်များအား ဆောင်ရွက်ရာတွင် မိမိတို့ဌာနဆိုင်ရာ တာဝန်ရှိသူများသာမက ပြင်ပမှ တတ်သိပညာ ရှင်များအား ဖိတ်ခေါ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဂုဏ်ပြုယာဉ်များ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် လုပ်ငန်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ပြသမည့် အလှပြယာဉ်အလိုက် ဆောင်ရွက်မည့် လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဂုဏ်ပြုယာဉ်များ အောင်မြင် စွာ ပါဝင်ပြသနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရ သတင်း