မကွေး စက်တင်ဘာ ၁၄
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ်လုပ်ငန်း ခွင်အကြို မူလတန်းဆရာအတတ်ပညာသင် အမှတ်စဉ် (၈/၂၀၂၂)သင်တန်းသား/သင်တန်းသူများ အား ကြိုဆိုပွဲအခမ်းအနားကို စက်တင်ဘာလ ၁၃ရက်နေ့မွန်းလွဲ ၂ နာရီအချိန်က မကွေးပညာရေး ဒီဂရီကောလိပ်၊ ပညာ့ဗိန်မာန် ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် နှင့်အဖွဲ့ဝင် ဝန်ကြီးများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်ကြားရေး ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အခြေခံပညာတွင် လိုအပ်လျက်ရှိသော မူလ တန်း ဆရာ/ဆရာမများ ခန့်ထားနိုင်ရေးအတွက် တက္ကသိုလ်အသီးသီးမှ ဘွဲ့ရရှိသည့် ပြင်ပပုဂ္ဂိုလ် များကို ရေးဖြေစာမေးပွဲများကျင်းပပြီး အောင်မြင်သူများအား သင်တန်းတွင် သင်ယူစေပြီး ဆရာ/ ဆရာမများအဖြစ် မွေးထုတ်ခန့်ထား ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ခေတ်မီ ဖွံ့ဖြိုး တိုးတက်မှုသည် သဘာဝသယံဇာတရင်းမြစ်များ ပေါကြွယ်ဝမှုနှင့် လူသားစွမ်းရည်ရင်းမြစ်များ ပေါကြွယ်ဝမှုပေါ်တွင် မှီတည်နေပြီး မိမိတို့နိုင်ငံသည် သဘာဝသယံဇာတရင်းမြစ်များ ပေါကြွယ်ဝ သည့် နိုင်ငံဖြစ်ပြီး လူသားရင်းမြစ်များမှ အကျိုးရှိစွာ ဖော်ထုတ်အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်တွင် လိုအပ်နေသော အသိပညာရှင်၊ အတတ်ပညာရှင်များအား အသက်မွေး ဝမ်းကျောင်း တက္ကသိုလ်များနှင့် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များမှ မွေးထုတ်ပေးနေသကဲ့သို့ ပညာရေးဒီဂရီ ကောလိပ်များ ကလည်း လူစွမ်းအားအရင်းမြစ်များ ပေါ်ထွန်းလာစေရန် ဆရာ/ဆရာမများအား နှစ်စဉ်မွေးထုတ် ပေးလျက် ရှိပါကြောင်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရည်အသွေးကောင်းမွန်သည့် ပညာရေးကို ဆောင်ကြဉ်းပေးနိုင်စွမ်းရှိသည့် အရည်အသွေးကောင်းမွန်သော ဆရာ/ဆရာမများအား အမှန်ပင် လိုအပ်လျက်ရှိပါကြောင်း ပြေကြားသည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်က သင်တန်းဆိုင်ရာ အချက်အလက် များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ သင်တန်းသား/သင်တန်းသူများက တေးသီးချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကာ၊ တေးသီးချင်းများဖြင့် ဖျော်ဖြေခဲကြသည့် သင်တန်းသား/သင်တန်းသူ များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင် အမှတ်စဉ် (၈/၂၀၂၂) သင်တန်း ကို တိုင်းဒေသကြီးအတွင်းမှ သင်တန်းသား/သူ (၆၅၅)ဦး တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်း ကာလမှာ (၁.၉၂၀၂၂)ရက်နေ့မှ (၃၁.၁၀.၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ တန်းပြကာလ မှာ (၁၄.၁၁.၂၀၂၂)ရက်နေ့မှ (၂၃.၁၁.၂၀၂၂)ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။