မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၉/၂၀၂၂)တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး Coronavirus Disease 2019  (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၉/၂၀၂၂)တက်ရောက်

မကွေး      စက်တင်ဘာ      ၁၇

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၉/၂၀၂၂)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီ  အချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကားပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  ဦးစွာ တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဌ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် က မြန်မာနိုင်ငံတစ်ဝန်း တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာဦးရေသည် ပြန်လည်မြင့်တက်လာပြီး မိမိတို့ တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ အနည်းငယ်သာရှိသော်လည်း ရောဂါကာကွယ် ရေးလုပ်ငန်းများ ကို အရှိန်အဟုန်မပျက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူလူနာများ အား အချိန်နှင့်တစ်ပြေးညီ ဆေးကုသမှုခံယူနိုင်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလားတူ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများအားလည်း အရှိအဟုန်မပျက် ပိုမို ဆောင်ရွက်သွားကြရန်နှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ဝိုင်းဝန်း ပူးပေါင်းကာ ဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှုအခြေအနေ၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိလူနာများအား ထားရှိမည့် Quarantine Centreများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ထိုးနှံပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် သက်ဆိုင်ရာခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးတို့က ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေများ၊  တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ထိုးနှံပေးမည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ တိုင်း ဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက ကိုဗစ်-၁၉ ရာဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများသိရှိနိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုအခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုများအား ပြည်သူ များသိရှိနိုင်ရေး နှိုးဆော်ပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး၊ တင်ပြချက်များ အပေါ် တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေး ညီ လိုက်နာဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း