မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်များမှ အခြေခံ လူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန်များနှင့် နှာခေါင်းစည်း Mask များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပေးအပ်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်များမှ အခြေခံ လူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန်များနှင့် နှာခေါင်းစည်း Mask များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပေးအပ်

မကွေး      စက်တင်ဘာ      ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ မြို့ပေါ်ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်(၆)မျိုး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို     စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ မင်းပူးဦးဩဘာသ မြို့နယ်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေ သကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုလက်ရှိကာလတွင် မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စုများ၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုစေရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး မင်းဘူးမြို့ရှိ စေတနာရှင် အလှူရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် အိမ်ထောင်စုပေါင်း ၁၃၅၀ အတွက် စုပေါင်းလှူဒါန်းပေးခြင်း ဖြစ်ပါကြောင်း၊ အလားတူ တိုင်းဒေသကြီးအတွင်းရှိ အခြားမြို့နယ်များတွင်လည်း တစ်မြို့နယ်လျှင် အိမ်ထောင်စုပေါင်း ၁၀၀၀ ခန့်ကို လှူဒါန်းထောက်ပံ့ပေးလျှက်ရှိကြောင်း ပြောကြားသည်။

ထိုသို့ ထောက်ပံ့ပေးရာတွင် မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်ကြီး (၄)ခုမှ အခြေခံလူတန်းစား အိမ်ထောင်စုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အိမ်ထောင်စု ၅၀၀ စာ၊ စေတနာရှင် အလှူရှင်များ မှ အိမ်ထောင်စု ၈၅၀ စာ၊ စုစုပေါင်း အိမ်ထောင်စု ၁၃၅၀ အတွက် တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်နှင့် နှာခေါင်းစည်း Mask များကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စေတနာရှင် အလှူရှင်များနှင့်တာဝန်ရှိသူများ က အိမ် ထောင်စု အလိုက် အသီးသီးလှူဒါန်းထောက်ပံ့ ပေးအပ်ခဲ့ကြပြီး၊ ခန်းမအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လှုပ်ရှားဆောင်ရွက်မှုနှင့် ကိုဗစ်ကာကွယ်ဆေး Booster Dose ထိုးနှံဆောင် ရွက်ပေးနေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးသည်။

ထို့မှတစ်ဆင့် တိုင်းဒေကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းဘူး(စကု)မြို့နယ် ကိုင်းတောလေး ကျေးရွာအုပ်စု တောင်သူ ဒေါ်သန်းသန်းဌေး၏ အဆင့်မြင့်လယ်ယာမြေ စံပြစိုက်ခင်းသို့ရောက်ရှိပြီး၊ စံပြစိုက်ခင်း ၁၃ ဒသမ ၇၃ ဧကအတွင်း  မိုးစပါး (ချမ်းမြေ့မေ-သက်တမ်းစပါး) ၅ ဧကကို ထွန်ယက် နေမှုနှင့်ကောက်စိုက်စက်ဖြင့် စိုက်ပျိုးဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေးကာ အဆိုပါ လယ်ယာမြေအတွင်း သက်ဆိုင်ရာဌာနများမှ စက်မှုကဏ္ဍ၊ မြေအောက် ရေးသုံးဆိုလာစနစ် စိုက်ပျိုး ရေရရှိရေးနှင့် သီးနှံစိုက်ပုံစံများ ပေါင်းစပ်ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြမှုများ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးနည်းစနစ် မှန်ကန်စွာဖြင့် တစ်ဧက အထွက်နှုန်း တိုးတက် ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း