မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၃/၂၀၂၄) အစည်းအဝေးကို ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီ ဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် က ယခုနှစ် ၂၀၂၄ ခုနှစ်ရဲ့ နှစ်ဝက်တာကာလအတွင်း ဒီကော်မတီရဲ့လုပ်ငန်းဆောင်ရွက်နိုင်မှု၊ တိုးတက်မှုအခြေအနေများကို လေ့လာသုံးသပ်ကြည့်တဲ့အခါ ခရီးစဉ်ဒေ သအသီးသီးသို့ ဧည့်သည် ဝင်ရောက်မှုအနေနဲ့ ၂၀၂၄ ခုနှစ်နဲ့ ကာလတူဖြစ်တဲ့ ဇန်နဝါရီလမှ ဇွန်လအထိ နှိုင်းယှဉ်ကြည့်ပါက (၁၄၃၃၁၂၈) ဦး ဝင်ရောက်ခဲ့တဲ့အတွက် (၃၀)% တိုးတက်လာတာတွေ့ရကြောင်း၊ ဒါ့အပြင် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများသို့ ဝင်ရောက်တည်းခိုတဲ့အရေအတွက် အနေနဲ့ ယခင်နှစ်နဲ့ ကာလတူ နှိုင်းယှဉ်မယ်ဆိုပါက(၆၁၁၁၁)ဦး ဝင်ရောက်ခဲ့တဲ့အတွက် (၂၁%)တိုးတက်ဝင်ရောက်ခဲ့တာ တွေ့ရ ကြောင်း ဧည့်သည်တည်းခိုနေထိုင်မှု တိုးတက်ရရှိစေရေးဟာ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများရဲ့ ဝန်ဆောင်မှု အရည်အသွေးအပြင် မိမိတို့ဟိုတယ်များသို့ ပိုမိုဝင်ရောက်တည်းခို စေရေးအတွက် Marketing Plan များရေးဆွဲပြီးကြော်ငြာမြှင့်တင်ဆောင်ရွက်ခြင်း၊ ယခုလို ဧည့်သည် ဝင်ရောက်မှု နည်းတဲ့ မိုးရာသီ တစ်နည်းအားဖြင့် Green Season မှာ Promotion အစီအစဉ်များ တီထွင်ဖန်တီး ကြံဆပြီး ကြိုးပမ်း ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ မကွေးမြို့ ကမ်းနားလမ်း ညဈေးကို ခရီးစဉ်ဒေသ စွဲဆောင်မှုတစ်ခုအနေနဲ့ လှလှပပ သပ်သပ်ရပ်ရပ် ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ယင်းညဈေး အတွင်းမှာ MSME လုပ်ငန်း ထုတ်ကုန်များအတွက် MSMECorner ထားရှိဆောင်ရွက် ပေးနိုင်ခဲ့ ပါကြောင်း၊ မကွေးတိုင်းဒေသကြီး အတွင်း တိမ်မြုပ်လုမတက် ဖြစ်တော့မယ့် နှစ်ပေါင်း(၁၃၀) ကျော် သက်တမ်းရှိတဲ့ မြန်မာနိုင်ငံရဲ့ ပထမ ဦးဆုံးဂေါက်ကွင်းဖြစ်တဲ့ သရက်ဂေါက်ကွင်းကို အကြောင်းခံပြီး မကွေးတိုင်းဒေသကြီးရဲ့ အထင်ကရ လည်ပတ်စရာ နေရာများကိုပါ ပြသပို့ဆောင် ပေးနိုင်မယ့် Golf Tourism Tournament တစ်ခုကို ပြုလုပ်ဆောင်ရွက်စေဖို့ တာဝန်ပေးအပ် ထားတာရှိပါတယ်၊ ဒီ Tournament ကို ဆောင်ရွက် နိုင်ခဲ့မယ် ဆိုရင် မြန်မာနိုင်ငံမှာ ပထမဆုံးလို့ ပြောလို့ရတဲ့ Golf Tourism ပြိုင်ပွဲဖြစ်သလို၊ မကွေးမြို့ ဖန်ခါးမြေ ဂေါက်ကွင်း ၊ မင်းဘူးမြို့ နမ္မဒါဂေါက်ကွင်း ၊ သရက်မြို့ ဂေါက်ကွင်း ၊ အောင်လံမြို့ ဂေါက်ကွင်းများကို ခရီးစဉ်အဖြစ် စီစဉ်လှည့်ပတ် ရိုက်ကစားသွားမှာ ဖြစ်တဲ့အတွက် ဖိတ်ခေါ် Golfer များအနေနဲ့ ဂေါက်ရိုက် ကစားခြင်း အပြင် မကွေးတိုင်းအတွင်း လည်ပတ်ရန်နေရာများကိုပါ လိုက်လံပို့ဆောင် ပေးခြင်းခံရမှာဖြစ်ပါကြောင်း၊ ထပ်မံတာဝန်ပေးအပ် ချင်တာကတော့ ရေနံချောင်းမြို့ ဂျပ်ကြားဒေသမှာ Adventure Sport တစ်မျိုးဖြစ်တဲ့ Mountain စက်ဘီး Down Hill စီးနင်းခြင်းပြိုင်ပွဲ ဖြစ်ပြီး၊ ဒါကိုလည်း သေချာစွာစီစဉ်ပြီး အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြမယ်ဆိုရင် မကွေးတိုင်းဒေသကြီး အတွင်း မြန်မာနိုင်ငံရဲ့ ပထမဆုံး Down Hill စက်ဘီးစီးပြိုင်ကွင်း တစ်ခုဖြစ်လာနိုင်ကာ၊ ဒီအကျိုးဆက် အနေနဲ့ အခွင့်အရေးပေးရင် ပေးသလို ပြည်နယ်တိုင်းအဆင့် ဖိတ်ခေါ်ပြိုင်ပွဲများ၊ အလွတ်တန်း ဖိတ်ခေါ် ပြိုင်ပွဲများအပြင် ဒေသတွင်းနိုင်ငံတကာ ပြိုင်ပွဲများ လက်ခံကျင်းပနိုင်တဲ့ အခြေအနေအထိ ရောက်ရှိ လာနိုင်တာဖြစ်လို့ ဒီတာဝန်ကိုလည်း ကော်မတီဝင်များအနေနဲ့ အထူးအလေးထား အောင်မြင်အောင် ဆောင်ရွက်သွား ကြဖို့ တိုက်တွန်းလိုပါကြောင်း၊ ဒီပြိုင်ပွဲရဲ့ သဘာဝဟာ သာမန်ပြိုင်စက်ဘီးများ လမ်းပေါ်ပြိုင်စီးသလို မဟုတ်တဲ့အပြင် ဂျပ်ကြားဒေသရဲ့ သာယာလှပမှုနဲ့ တောင်ကုန်းအဆင်းအတက် စီးခြင်းက Adventure တစ်ခုလို စွဲဆောင်နိုင်စေမှာဖြစ်ကြောင်း၊ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီက ချမှတ်လာတဲ့ အစည်းအဝေး ဆုံးဖြတ်ချက်များဟာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမိုလေးနက်လာတာဖြစ်လို့ ကော်မတီဝင်များကလည်း မိမိတို့တာဝန်ကဲ့သို့ မှတ်ယူပြီး အလေး အနက်ထား အကောင်အထည်ဖော် ဆောင်ရွက်သွားကြ ရမှာဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသ ကြီးဖွံ့ဖြိုးတိုးတက်စည်ပင်စေရေးကို ရှေးရှုပြီး ထိရောက်တဲ့ အကြံဉာဏ်နဲ့ အစီအမံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလရှည်၊ ကာလလတ်၊ ကာလတို အစီအမံ များပေါ်ထွက်လာတဲ့အထိ ဝိုင်းဝန်းကြိုးပမ်း ဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အမှာစကားများ အသီးသီးပြောကြားပြီး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး က (၂/၂၀၂၄) တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက် များ၊ အမျိုးသားခရီးသွားလုပ်ငန်းဗဟိုကော်မတီ (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များ၊ ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့တွင် နိုင်ငံတော်အဆင့်ပြခန်း ပြသရန်စီစဉ်ထားရှိမှု၊ အများသုံးသန့်စင်ခန်းများ အားအဆင့်မြှင့်တင်၍ အဆင့်သတ်မှတ်ခြင်းကိစ္စရပ်များ၊ Golf Tournament ကျင်းပနိုင်ရေးနှင့် GLMS ရာနှုန်းပြည့် အသုံးချနိုင်ရေးကိစ္စရပ်များအား တင်ပြခဲ့ပြီး၊ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၄)တွင် တင်ပြမည့်အချက်များအား Power point ဖြင့် ရှင်းလင်းတင်ပြကာ၊ ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီဝင် များမှ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။