မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကကျောင်းများ၏ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကကျောင်းများ၏ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး၊ မကွေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် မကွေးတိုင်းဒေသကြီးကိုယ်ပိုင်ကျောင်းများအသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ကိုယ်ပိုင်ကျောင်းများ ကျောင်းပေါင်းစုံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၁၆ ရက်နေ့နံနက် ၇ နာရီက မကွေးခရိုင်အားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲ ရေးမှူးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပုဂ္ဂလိကကျောင်းတည်ထောင်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားသမားများ၊ ဘောလုံး ပြိုင်ပွဲဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ အလံကိုင်တပ်ဖွဲ့၊ အားကစားသမားများနှင့် ဘင်ခရာတပ်ဖွဲ့တို့က စစ်ကြောင်းပုံဖြင့် ချီတက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခြင်း၊ နေရာယူခြင်းနှင့် တန်းအပ်ခြင်း အစီ အစဉ်များ ဆောင်ရွက်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဖွင့်ပွဲမိန့်ခွန်း ပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကကျောင်းများရဲ့ ယခုဘောလုံးပြိုင်ပွဲဟာ ပြိုင်ပွဲဆိုတာထက် ကျောင်းတွင်း အားကစားလှုပ်ရှားမှုလို့ ဆိုနိုင်ပါကြောင်း၊ လူ့ဘောင်ဘဝတွင် ရုန်းကန်နေထိုင် စားသောက်နိုင်ရေးအတွက် အသက်အရွယ်အလိုက် ကျင့်ကြံလိုက်နာဆောင်ရွက်ရမည့် အချက်များ ရှိကြောင်း၊ လူ့ဘဝရဲ့ ပထမအရွယ်မှာ ပညာဆည်းပူး သင်ယူရမည်ဖြစ်ပြီး၊ ဒုတိယအရွယ်တွင် စီးပွားဥစ္စာရှာဖွေ စုဆောင်းရမှာဖြစ်ကာ၊ တတိယအရွယ်မှာတော့ တရားဓမ္မကျင့်ကြံအားထုတ်ရမှာ ဖြစ်ပါကြောင်း၊ ပထမ အရွယ်ဖြစ်တဲ့ ပညာဆည်းပူးရမဲ့အရွယ်မှာ ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းသင်ပြဋ္ဌာန်း စာများ၊ ကျောင်းပြင်ပမှ ဘာသာရပ်များဖြစ်တဲ့ ဘာသာစကားကျွမ်းကျင်မှုများ၊ ကွန်ပျူတာ၊ ကြက်ခြေနီ၊ စက်မှုလက်မှု၊ လျှပ်စစ်၊ စက်ပြင်၊ စိုက်ပျိုး၊ မွေးမြူ၊ လက်သမား၊ အိမ်တွင်းမှုလုပ်ငန်းများကို လေ့လာသင်ယူကြရကြောင်း၊ ဒါ့အပြင် ဘက်စုံ ပညာရရှိရေးအတွက် ပန်းချီ၊ ဂီတ၊ အနုပညာ၊ ကာယ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကျောင်းကျန်းမာရေး၊ စာရိတ္တ၊ ပြည်သူ့နီတိ၊ ပြည်ထောင်စုစိတ်ဓာတ် စတဲ့ ဘာသာရပ်များကိုလဲ သင်ယူကြရကြောင်း၊ ယနေ့လူငယ် များဟာ နောင်အခါ နိုင်ငံ့တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်မယ့်သူများဖြစ်ပြီး၊ လူငယ်များ အနေနဲ့ အသိပညာ၊ အတတ်ပညာ တတ်မြောက်ရုံဖြင့် မလုံလောက်ဘဲ စိတ်ဓာတ်ခိုင်မာပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်ရန်လဲ လိုအပ်ပါ ကြောင်း၊ ကိုယ်ကာယကြံ့ခိုင် သန်စွမ်းရေးအတွက် အားကစားလုပ်ငန်းများကို ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ဘောလုံးကစားခြင်းဟာ လူအများ၏ စိတ်ဝင် စားမှု၊ အားပေးမှု အများဆုံးဖြစ်တဲ့အတွက် ဘောလုံးသမားများအနေဖြင့် ဘောလုံးစည်းမျဉ်း စည်းကမ်းကို လိုက်နာပြီး၊ အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် “အနိုင်မခံ အရှုံးမပေး” ဆိုတာထက် “နိုင်သည်ရှုံးသည် ပဓာနမဟုတ်၊ ယှဉ်ပြိုင်ခြင်းသာ အဓိက” ဆိုတာကို နှလုံးသွင်းလိုက်နာကြဖို့ မှာကြားလိုကြောင်း၊ ပုဂ္ဂလိကကျောင်းများသည် ပညာရေးဝန်ကြီးဌာန၏ လက်အောက်မှာရှိတဲ့ အတွက် ပညာရေးဝန်ကြီးဌာနက အခြေခံပညာဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက် ကြဖို့၊ ပညာရေးလုပ်ငန်းများကိုလဲ ပူးပေါင်းဆောင်ရွက်ပေး ကြဖို့၊ ပုဂ္ဂလိကကျောင်းနှင့် ပတ်သက် သောဥပဒေများကိုလဲ လိုက်နာကြဖို့နဲ့ အခြေခံပညာကျောင်းများတွင် သင်ကြားသော သင်ရိုးညွှန်း တမ်းများကိုလဲ ပြည့်စုံအောင်သင်ကြားပေးကြဖို့ ပြောလိုကြောင်း၊ ယခုလိုဘောလုံးပြိုင်ပွဲများ ကစားခြင်းဖြင့် ပုဂ္ဂလိကကျောင်း အချင်းချင်း ချစ်ကြည်လေးစားမှု၊ စည်းလုံး ညီညွတ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတိုးတက်မြင့်မားလာမှာဖြစ်တဲ့အပြင် မကွေးတိုင်းဒေသကြီးနှင့် နိုင်ငံတော်၏ ဂုဏ်ကို ဆောင်နိုင်သော ဘောလုံကစားသမားကောင်းများ ပေါ်ထွန်းလာမှာဖြစ်ကြောင်း ပြောကြားကာ၊ ကိုယ်ပိုင်ကျောင်းများအတွက် ဘောလုံးများ လှူဒါန်းပေးအပ်ခဲ့သည်။

          ဆက်လက်၍ အားကစားသမားများက အားကစားအဓိဌာန်ရွက်ဆိုခြင်း၊ အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခြင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ပန်းပွားအကဖြင့် ဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

          ထို့နောက် မကွေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများ ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်စိုးနိုင်က ကိုယ်ပိုင်ကျောင်းများ ကျောင်းပေါင်းစုံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ဘောလုံးကန်၍ ကွင်းဖွင့်ပေးခဲ့ကြောင်းနှင့် အဖွင့် ပွဲစဉ်အဖြစ် IBS ကိုယ်ပိုင်ကျောင်းအသင်းနှင့် စေတနာမွန် ကိုယ်ပိုင်ကျောင်းအသင်းတို့ ယှဉ်ပြိုင် ကစားနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများမှ ကြည့်ရှုအားပေးခဲ့ကြ ကြောင်းသိရသည်။

နောက်ဆုံးရ သတင်း