၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ဆိုင်ရာတွေ့ဆုံပွဲအခမ်းအနားကို သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့မြို့တော်ခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တိုင်းဒေသကြီးသန်းခေါင် စာရင်းကြီးကြပ်မှု ကော်မတီဥက္ကဌ၊
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊အနောက်ပိုင်းလေတပ်စခန်းကွပ်ကဲမှုဌာနချုပ်မှူး၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တိုင်းဒေသကြီးဥပဒေချုပ်၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာ သန်းခေါင်စာရင်းကော်မတီဝင်များ၊ စာရင်းစစ်၊စာရင်းကောက်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးသည် ခရိုင် (၇) ခရိုင်၊ မြို့နယ် (၂၅) မြို့နယ်၊ ရပ်ကွက် (၂၀၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁,၅၃၈)အုပ်စု၊ ကျေးရွာပေါင်း(၄,၇၉၀) ရွာ ရှိပြီး၊ အိမ်ထောင်စုပေါင်း (၉၅၅,၇၅၂)စု၊ လူဦးရေ (၄,၂၅၇,၇၄၅)ဦးခန့် နေထိုင်လျက် ရှိကြောင်း၊မကွေးတိုင်းဒေသကြီးအနေနဲ့ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ရဲ့ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နဲ့ စတုတ္တအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများမှ ဆုံးဖြတ်ချက်များပါ လုပ်ငန်းများအား အချိန်နှင့်တပြေးညီ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။