မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် e – Government ကွန်ပျူတာ အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် e – Government ကွန်ပျူတာ အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

          အခြေခံရုံးလုပ်ငန်းများ အချိန်မီပြီးမြောက်နိုင်ရေးအတွက် ကွန်ပျူတာကျွမ်းကျင်မှုမရှိသေး သည့် ဝန်ထမ်းများအား ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ E-Government ကွန်ပျူတာ အခြေခံ သင်တန်း ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၈ ရက် ယနေ့နံနက် ၁၀ နာရီက မကွေးမြိုနယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ် ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကွန်ပျူတာပညာရပ်များကို လုပ်ငန်းခွင်မှာလက်တွေ့ အသုံးချနိုင်တဲ့အထိ ကြိုးစားသင်ယူကြစေလိုကြောင်း၊ ကွန်ပျူတာပညာရပ်တွေကို တက်မြောက် ထားခြင်းဖြင့် နယ်ပယ်များစွာရဲ့ ဖွံဖြိုးတိုးတက်မှုကို သိသိသာသာ အထောက်အကူ ဖြစ်စေပြီး အလုပ် အများစုကို စွမ်းဆောင်ရည်တိုးမြင့်စွာ ပြီးမြောက်နိုင်ကြောင်း၊ ဒေတာ၊ သတင်းအချက် အလက်နှင့် မာလ်တီမီဒီယာကို လွယ်ကူပြီး လက်လှမ်းမီသော နည်းလမ်းများဖြင့် ဖလှယ် နိုင်သည့်အပြင် ထိရောက်သော စီမံခန့်ခွဲမှုအတွက် မရှိမဖြစ်လိုအပ်သော ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ၊ လုပ်ငန်း များ၊ အများပြည်သူဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်တဲ့ အချက်အလက် များစွာကို သိမ်းဆည်ထား နိုင်မှာ ဖြစ်သည့်အပြင် အွန်လိုင်းပညာရေးနှင့် အွန်လိုင်းစီးပွားရေးတိုကို ဖွင့်ပေးထားပြီး အကောင့်နှင့် စာရင်းကိုင်ခြင်းအပါအဝင် စီးပွားရေးနှင့်ဝန်ဆောင်မှုများ ပတ်သက်သည့် လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်တာကြောင့် ကွန်ပျူတာပညာရပ်ဟာ တက်မြောက် ထားသင့်သည့် ပညာရပ်တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ ဖွင့်လှစ်ပေးတဲ့ e-Government အခြေခံ ရုံးလုပ်ငန်း ကွန်ပျူတာ သင်တန်းကို တက်ရောက်ကြမယ့်သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် သင်ကြားပိုချမယ့် ကွန်ပျူတာပညာရပ်တွေနဲ့မိမိတိုရဲ့ ရုံးလုပ်ငန်းတွေကို အချိန်မီပြီးစီးဖို၊ တိကျမှန်ကန်ဖိုအပြင် ရုံးပိုင်း ဆိုင်ရာ လျှိဝှက်သင့်သည့် ကိစ္စရပ်များအပေါ်တွင်လည်း သစ္စာရှိရှိ ကြိုးစားဆောင်ရွက်သွားကြစေလို ကြောင်း ပြောကြားသည်။

          ထိုနောက် မကွေးကွန်ပျူတာက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမျိုးမင်းသန်းမှ သင်တန်းတွင် ပိုချမည့် အစီအမံများအား ရှင်းလင်းတင်ပြပြီး သင်တန်းအတွက် သင်ထောက်ကူ ပစ္စည်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်ရာ သင်တန်းသား (၂)ဦးက လက်ခံရယူခဲ့သည်။

          အဆိုပါ သင်တန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးများမှာရှိသည့် ဝန်ထမ်း(၆၀)ဦးအား သင်တန်းနည်းပြများက ကွန်ပျူတာဖြင့် အခြေခံရုံး လုပ်ငန်းများဆောင်ရွက်နိုင်ရန် Word ၊ Excel ၊ Power point Applicationများအပြင် Website များ အသုံးပြုပုံပြုနည်းနှင့် သတင်းအချက် အလက်များကို Website တွင် Upload ပြုလုပ်ခြင်းဆိုင်ရာ များကို နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း Section (၂)ခုခွဲ၍ နှစ်ပတ်ကြာ သင်ကြား ပိုချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း