မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချူပ် ဦးတင့်လွင် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၆) ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ တက်ရောက်အားပေး

မကွေး     နိုဝင်ဘာလ    ၁

          ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)ကြိမ်မြောက် နှစ်ပတ်လည် နေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းသွေး လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းပြည်သူ့ဆေးရုံကြီး (၅)ထပ်ဆောင် သွေးလှူဘဏ်တွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာဆိုင်ရာအကြီးအကဲများ တက်ရောက် အားပေးသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများမှ သွေးဖောက်လှူဒါန်းနေမှုကို လှည်လည်ကြည့်ရှုအားပေးပြီး၊ တိုင်းဒေ သကြီးဝန်ကြီးချုပ်က သွေးလှူခြင်းဟာ မိမိသွေးနဲ့ အခြားသူရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ အတွက် မွန်မြတ်တဲ့ အလှူဒါနဖြစ်ပြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အတွက် ရည်ရွယ်ကာ အဖွဲ့အစည်းအလိုက် စုပေါင်းလှူဒါန်းခြင်းအတွက် မှတ်တမ်းတင် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ပြောကြားကာ၊ သွေးလှူရှင် ဝန်ထမ်း(၂၅)ဦးအား အာဟာရဖြည့် စားသောက် ဖွယ်ရာများကို ထောက်ပံ့ပေးခဲ့သည်။

          နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၆)ကြိမ် မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ စုပေါင်းသွေးလှူဒါန်းခြင်းအပြင် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်း ရေးပြုလုပ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပြီး၊ ဦးစီးဌာန၏(၃၆)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို မကွေးတိုင်းဒေသကြီးအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် အခမ်းအနားပွဲများကို ကျင်းပသွားမည်ဖြစ်ကာ၊ ဝန်ထမ်းများအား ဗလာမပါ ကံစမ်းမဲဖောက်ပေးခြင်းများကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း