မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဌာနဆိုင်ရာများစုပေါင်း၍ မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအနီး လမ်းဘေးဝဲယာတို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဌာနဆိုင်ရာများစုပေါင်း၍ မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအနီး လမ်းဘေးဝဲယာတို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မကွေး   နိုဝင်ဘာ   ၂

          မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ် (စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မကွေးမြို့ မြသလွန်စေတီတော် မြတ်ကြီးအနီး လမ်းဘေးဝဲယာတို့တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှု အားပေးသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ် စည်ပင် သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှု့အဖွဲ့ အစည်းများ စုပေါင်း၍ မကွေးမြို့ မြသလွန် စေတီတော်မြတ်ကြီးအနီး လမ်းဘေးဝဲယာတို့တွင် သန့်ရှင်း သပ်ရပ်မှုရှိစေရေး မြက်ပင်များ၊ သစ်ပင်များနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ဖြတ်စက် များဖြင့် ရှင်းလင်းဆောင်ရွက်ခြင်း၊ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်း စွန့်ပစ်ခြင်းစသည့် သန့်ရှင်ရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီးတွင် စုပေါင်းအင်အားဖြင့် မြို့ရွာသန့်ရှင်း သန့်ရှင်းသာယာ လှပစေရေး ဘုရားစေတီပုထိုး များ၊ ရုံးဌာန အဆောက်အဦများနှင့် ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပမှု ရှိစေရေးနှင့် ပြည်သူ များ ကျန်းမာရေးဆိုင်ရာ အထောက်အကူ ဖြစ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အပတ်စဉ် (စနေနေ့တိုင်း) လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း