မကွေး နိုဝင်ဘာ ၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မင်းဘူး မြို့၊ အမှတ်(၂)ရပ်ကွက်၊ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ကုသဆောင်များတွင် ဆေးကုသမှုခံယူနေသော လူနာများအား တွေ့ဆုံအားပေးကာ၊ ခရိုင်ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမ၌ ဆေးရုံဝန်ထမ်း များနှင့်တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ကုသဆောင်များတွင် ဆေးကုသမှုခံယူနေသော လူနာများအားတွေ့ဆုံ၍ အားပေးစကားများ ေပြာကြားကာ၊ ခရိုင်ပြည်သူ့ဆေးရုံ ဆေးကုသမှုခံယူနေသော လူနာ(၅၉)ဦးအား အာဟာရ စားသာက်ဖွယ်ရာ ပေါင်မုန့်၊ ကြက်ဥနှင့် ကွေကာအုပ်များ ထောက်ပံ့ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် ခရိုင်ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမ၌ ဆေးရုံအုပ်ကြီး ဒေါက်တာအေးမြဝင်းနှင့် ဆေးရုံဝန်ထမ်းများအား တွေ့ဆုံ၍ တိုင်းဒေသကြီး၀န်ကြီးချုပ်က ဆေးရုံကြီးနှင့် ၀န်ထမ်းများ၏ လိုအပ်ချက်များနှင့် ပတ်သက်၍ မေးမြန်းကာ၊ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည်ဆည်း ဆာင်ရွက်ပေးကာ၊ ၀န်ထမ်းများအတွက် ဂုဏ်ပြုထောက်ပံ့ငွေ (၁၀)သိန်းကျပ်အား ချီးမြှင့်ပေးအပ် ခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ပြည်သူ့ဆေးရုံကြီးသည် ကုတင်(၂၀၀)ဆံ့ ဆေးရုံကြီးဖြစ်ပြီး၊ ခရိုင်အတွင်းရှိမြို့နယ်များမှ ပြည်သူများအား အရည်အသွေးပြည့်ဝသည့် ကျန်းမာ ရေးစောင့်ရှောက်မှုများနှင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး၊ မင်းဘူးပြည်သူ့ဆေးရုံကြီး ဆေးကုသဆောင် များအနေဖြင့် ဖျားနားကုသဆောင်၊ ခွဲစိပ်ဆောင်၊ သားဖွားမီးယပ်ဆောင်၊ ကလေးဆောင်၊ နား၊နှာခေါင်း၊ လည်ချောင်း၊ မျက်စိ၊ အရိုးနှင့်ဓာတ်ခွဲဓာတ်မှန်ဆောင်များ ဖွင့်လှစ်ကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အထူးကုပြင်ပလူနာကြည့်ရှုမှုအနေဖြင့် အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ရုံးချိန်များမှာ ကြည့်ရှုစောင့်ရှောက်ပေးလျက် ရှိကြောင်း မင်းဘူးမြို့ ပြည်သူ့ ဆေးရုံကြီ ဆေးရုံအုပ်ကြီးထံမှ သိရသည်။