မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား ကြည့်ရှုအားပေး

မကွေး နိုဝင်ဘာ ၈

          မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေ သကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ နိုဝင်ဘာလ ၈ ရက် ယနေ့ နံနက်ပိုင်းက မကွေးခရိုင်အားကစားကွင်း၌ နေပြည်တော်တွင် ကျင်းပမည့် ပဉ္စမ အကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၌ မကွေးတိုင်းဒေသကြီးမှ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အားကစားသမားများ စခန်းသွင်းလေ့ကျင့် ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။

#ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး မိုးလုံ လေလုံ အားကစားခန်းမ၌ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပိုက်ကျော်ခြင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား လည်းကောင်း၊ ခရိုင်အားကစား ကွင်းအတွင်း ဘောလုံး၊ ဖူဆယ်၊ အလေးမနှင့် ပြေးခုန်ပစ် အားကစားသမားများ လေ့ကျင့် ဆောင်ရွက် နေမှုများ အားလည်းကောင်း ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အားကစား မောင်မယ်များအနေနဲ့ မိမိတိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်တဲ့ အားကစားသမားများ ဖြစ်အောင် ကြိုးစားလေ့ကျင့် ပြိုင်ပွဲဝင်ကြဖို့၊ တိုင်းဒေသကြီးလက်ရွေးစင်အဆင့်မှ နိုင်ငံ့လက်ရွေး စင်အဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးစားကြရန်နှင့် အားပေးစကားများ ပြောကြားပြီး၊ အားကစားသမား များအား အားကစားလေ့ကျင့်ရေးသုံးပစ္စည်းများ၊ ဆေးဝါးနှင့် အာဟာရ စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးခဲ့သည်။

          ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလ (၉)ရက်နေ့မှ (၂၀)ရက်နေ့ အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပသွားမှာဖြစ်ပြီး ပဉ္စမ အကြိမ် မြောက် အမျိုးသားအားကစားပွဲတော်တွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြု အနေဖြင့် ဘောလုံး၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ ဖူဆယ်စသည့် အားကစားနည်းများအပါအဝင် အားကစား နည်း(၂၃) မျိုးတွင် တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမား(၄၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး၊ အားကစားသမားများအား အားကစားနည်းများအလိုက် စခန်းသွင်း လေ့ကျင့်ဆောင်ရွက် လျက်ရှိကာ၊ အားကစားနည်းအလိုက် ရွှေတံဆိပ်(၈)ဆု ရရှိနိုင်ဖို့ မျှော်မှန်း လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း