မကွေး နိုဝင်ဘာ ၉
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(ဆင်ပေါင်ဝဲ)၌ ကျင်းပသည်။
ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးမိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပါဝင်ကူညီခဲ့သည့် ပန်းပွားအဖွဲ့နှင့်ဒိုးပတ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများ ဝေငှ ပေးခဲ့ပြီး ကျောင်းအတွင်း ခင်းကျင်း ပြသထားသည့် ဂိမ်းကစားပြိုင်ပွဲများ၊ ကျောင်းစာကြည့်တိုက်၊ စာအုပ်အရောင်းဆိုင်များ၊ လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း နှင့် ဌာနဆိုင်ရာပြခန်းများအား လှည့်လည် ကြည့်ရှု အားပေးသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို အဆိုပါကျောင်းရှိ ရတနာမော်ကွန်း ခန်းမ၌ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” သီချင်းဖြင့် ဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” Video Clip အား ပြသ ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် အနာဂတ် တွင် နိုင်ငံတော်က အားကိုးအားထားပြုရမည့် ကျောင်းသား၊ ကျောင်းသူလူငယ်များအား ဗလငါးတန် ပြည့်စုံစေရေး အသိပညာ၊ အတက်ပညာ မြင့်မားတိုးတက်စေရေး၊ စာပေကို အလေးထား တန်ဖိုးထား ပြီး အမှား၊ အမှန် ဝေဖန်ပိုင်းခြားတက်စေရေး၊ စာကြည့်တိုက်များနှင့် ယဉ်ပါးလာပြီး စာဖတ်ခြင်း၊ ဗဟုသုတရှာဖွေခြင်း စသည့်အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်ချက်နှင့်အညီ ယခုကဲ့သို့ပွဲတော်များ ကျင်းပခြင်း ဖြစ်ကြောင်း၊ “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း ကျောင်းသား၊ ကျောင်းသူများအား ပညာ သင်ကြားပေးခြင်းနှင့်အတူ ကျောင်းစည်းကမ်းလိုက်နာခြင်းမှ အစပြု၍ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း များကို လေးစားလိုက်နာတက်သည့် နိုင်ငံကြီးသား အလေ့အကျင့် ကောင်းများ ကိန်းအောင်းလာ အောင် လေ့ကျင့် ပျိုးထောင်ပေးကြဖို့ လိုအပ်ပါကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အသိပညာဗဟုသုတ ရှာမှီးနိုင်ရန် ကျောင်းစာကြည့်တိုက်များ၊ ရပ်ရွာစာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို ယခုလို အလေးထား ဆောင်ရွက်ပေးနေတာ ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက “အမျိုးသားစာပေ ယဉ်ကျေးမှုအမွေ” သီချင်းဖြင့် ဖျော်ဖြေခဲ့ကာ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမဆုရရှိသူများက ပြန်လည် သရုပ်ပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စာပေဟောပြောပွဲတွင် ပါဝင်ကူညီခဲ့သည့် စာရေးဆရာ ဦးစက်အောင်အား အမှတ်တရ လက်ဆောင်ပေးအပ်ကာ ကျောင်းစာကြည့်တိုက် အတွက် သုတ၊ ရသ စာအုပ်စာစောင်များ လှူဒါန်း၍ သီဆိုဖျော်ဖြေခဲ့သည့် ကျောင်းသား ၊ ကျောင်းသူ များအား ဂုဏ်ပြု ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ခဲ့သည်။ဆက်လက်၍ စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲတွင် ဆုရရှိသူ များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့် ခဲ့သည်။
အဆိုပါ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် အထက်တန်းအဆင့် စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာပေဟောပြောပွဲနှင့် စာဖတ်ဝိုင်းများအပြင် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ စာအုပ်အရောင်းဆိုင်များ၊ ဂိမ်းကစား ပြိုင်ပွဲများကို ထည့်သွင်း ကျင်းပခဲ့ကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။