မကွေး နိုဝင်ဘာ ၁၅
၂၀၂၄ ခုနှစ် Thein Hla Magway Futsal League - 2024 ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး အားကစားကွင်းရှိ ဖူဆယ် အားက စားရုံ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားက စားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် Thein Hla Magway Futsal League - 2024 ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် RPG FC အသင်းနှင့် ကျော်လု FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု အားပေးသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ Thein Hla Magway Futsal League - 2024 ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆု ရရှိသော Gold Leader FC အား ငွေသားဆု ကျပ်(၃)သိန်းအားလည်းကောင်း၊ Thein Hla Magway Futsal League - 2024 ပြိုင်ပွဲတွင် ဂိုးသွင်း အများဆုံးဆု ရရှိသော Royal Youth FC အသင်းမှ မောင်ချောငြိမ်း၊ အကောင်းဆုံးဂိုးသမားဆု ရရှိ သော ကျော်လု FC အသင်းမှ မောင်ထွန်းနန္ဒာအောင်၊ အကောင်းဆုံးအားကစားသမားဆု ရရှိသော RPG FC အသင်းမှ မောင်ထွန်းလင်းအောင်တို့အား ဆုကလပ်နှင့် ငွေသားဆု ကျပ်(၁၅၀၀၀ဝိ/-) စီအား လည်းကောင်း၊ Thein Hla Magway Futsal League - 2024 ပြိုင်ပွဲတွင် တတိယဆုရရှိသော Stable FC အသင်းအား တစ်ဦးချင်းဆွဲပြားနှင့် ငွေသားဆု ကျပ်(၁၀)သိန်း၊ ဒုတိယဆုရရှိသော ကျော်လု FC အသင်းအား တစ်ဦးချင်းဆွဲပြားနှင့် ငွေသားဆုကျပ်သိန်း(၂၀)နှင့် ပထမဆုရရှိသော RPG FC အသင်း အား တစ်ဦးချင်းဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုကျပ်သိန်း(၃၀)တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူတို့က ဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြသည်။
အဆိုပါ Thein Hla Magway Futsal League - 2024 ဖူဆယ် ပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း မြှင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်း လှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ဖွံ့ဖြိုးသော မျိုးဆက်သစ် လူငယ်များ ထွက်ပေါ်လာစေရန်နှင့် တိုင်းဒေသကြီးလက်ရွေးစင် အားကစားသမားများမှ တစ်ဆင့် နိုင်ငံ ဂုဏ်ဆောင်နိုင်သည့် ဖူဆယ်အားကစားသမားကောင်းများ ထွက်ပေါ်လာစေရေးအတွက် ရည်ရွယ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။