မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(၁၀/၂၀၂၄) အစည်းအဝေး တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(၁၀/၂၀၂၄) အစည်းအဝေး တက်ရောက်

မကွေး နိုဝင်ဘာ ၂၇

          မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၄)အစည်းအဝေးကို နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လုပ်ငန်းစဉ်များဖြစ်သည့် မိမိတို့ဒေသ အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိစစ်ခွင့်ပြုပေးရာတွင် လုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင် စေရန်၊ ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန်၊ အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်စေရန်၊ ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်နှင့် အဆိုပါ လုပ်ငန်းများမှ လုပ်ငန်း၏ လိုအပ်ချက် အပေါ်မူတည်၍ တင်ပြလာသော ပြင်ဆင်ခွင့်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအပါအဝင် သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ကော်မတီအဖွဲ့ဝင်များက စိစစ်ပြီး ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ပေး နိုင်စေရန်တို့ဖြစ်သည့် အတွက် အဆိုပါလုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ဖို့အတွက် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး လစဉ် ကျင်းပဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကော်မတီ အနေဖြင့် တိုင်းဒေသကြီး၏ အလားအလာ ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖော်ထုတ်ရာတွင် မိမိတို့ဒေသ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး၊ ပြည်သူတို့အတွက် အလုပ်အကိုင်အခွင့် အလမ်းများ ပေါ်ပေါက်လာစေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု၊ အခြေခံ အဆောက်အအုံ၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုဥပဒေပါ ရည်ရွယ်ချက်များအတိုင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မကွေး တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်ဌာနများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်များ ဝင်ရောက်လာစေရေးအတွက် မကွေးတိုင်းအတွင်းလုပ်ငန်း ဆောင်ရွက်လိုသော စီးပွားရေး လုပ်ငန်းရှင်များအတွက် သိသင့်သိထိုက်သော စီးပွားရေးဆိုင်ရာအချက်အလက်များ ပံ့ပိုးခြင်း၊ ဆောင်ရွက်ရမည့် ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ လွယ်ကူချောမွေ့စွာ ရရှိစေရန် ရုံးလုပ်ငန်းဆိုင်ရာ နည်းစဉ်များ (SOP)များကို ရှင်းလင်းပေးခြင်း၊ လိုအပ်သည့် ဥပဒေဆိုင်ရာ သတင်း အချက်အလက်များကို မှန်ကန် တိကျစွာ ပံ့ပိုးပေးခြင်းတို့ကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် မိမိတို့ ကော်မတီသို့ လျှောက် ထားလာသည့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ စိစစ်ခွင့်ပြု ပေးသွားမည်ဖြစ် ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေနှင့်အညီ လိုအပ်သလို ကူညီမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ အနေဖြင့်လည်း မကွေးတိုင်းဒေသကြီးသည် စီးပွားရေးလုပ်ငန်းများအတွက် လုပ်ရလွယ်ကူသည့် စီးပွားရေးဝန်းကျင် ကောင်းဖြစ်စေရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

          ထို့နောက် ကော်မတီအဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသို့ တင်ပြ လာသည့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုက အစုရှယ်ယာ လွှဲပြောင်းခွင့်တင်ပြခြင်း အပေါ်ဆွေးနွေးခဲ့ကြပြီး၊ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေး အဖွဲ့က ကွင်းဆင်း ဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော် သာ(၁)လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း