မကွေး ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ သင်တန်းခန်းမ၌ကျင်းပရာ အခမ်း အနားသို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထား သူများ တက်ရောက်သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မိသားစု တစ်ပိုင်တစ်နိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်မည်ဖြစ်ပြီး နိုင်ငံစီးပွားရေး ဖွံဖြိုး တိုးတက်မှုတွင် အဓိကမောင်းနှင်အားဖြစ်သော MSME လုပ်ငန်းများလည်း ပေါ်ထွန်းလာမည်ဖြစ်ပါ ကြောင်း၊ ထိုကြောင့် နိုင်ငံစီးပွားဖွံဖြိုးတိုးတက်ရေးအတွက် အခြေခံကျပြီး အရေးပါသော လုပ်ငန်းများ ဖြစ်သည့် MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန်အတွက် ဒေသတွင်း ပေါများစွာထွက်ရှိသည့် ကုန်ကြမ်းများအား အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ ဒေသ တစ်ခု၊ ထုတ်ကုန်တစ်ခု ပေါ်ထွန်းလာစေပြီး မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများမှတစ်ဆင့် အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ချဲ့ထွင်နိုင်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်များသို တင်ပို ရောင်းချလာနိုင်စေရန်၊ သွင်းကုန်အစားထိုး လုပ်ငန်းများ ထုတ်လုပ်လာနိုင်စေရန်နှင့် မိသားစုဝင်ငွေ တိုးတက်မှု ရရှိလာ စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်း ကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း(၉)ရွာတွင် သင်တန်း များဖွင့်လှစ်၍ လုပ်ငန်းရှင် (၄၅)ဦးကို လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးအပ်၍ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ဆောင်ရွက်ပေးခဲ့ရာ ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေး နှစ်တွင်လည်း အဆိုပါ ဝင်ငွေတိုး စီမံကိန်းကို မကွေးတိုင်းဒေသကြီးတွင် ကျေးရွာ(၁၆)ရွာရွေးချယ်၍ စီမံကိန်း(၁၆)ခု ဆောင်ရွက်ခဲ့ရာ ယခုအခါ စီမံကိန်း(၁၄)ခု ဆောင်ရွက်ပြီးစီးခဲ့ကာ လုပ်ငန်း ထူထောင်သူ(၇၀)ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်းနှင့် ယနေ့အခမ်းအနားကတော့ မကွေးတိုင်း ဒေသကြီးအတွင်း ဆောင်ရွက်ခဲ့သည့် မော်တော်ဆိုင်ကယ် ပြင်သင်တန်းနှင့် စက်ချုပ်သင်တန်းမှ သင်တန်းသား/သူ(၁၀)ဦးကို လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်တာ ဖြစ်ပြီး ပေးအပ်ထားသည့် လုပ်ငန်းသုံး ပစ္စည်းများကို အကျိုးရှိရှိ အသုံးချပြီး မိမိဒေသအတွင်းရှိ ပြည်သူများ ဝင်ငွေတိုးပွားပြီး လူနေမှုအဆင့်အတန်း မြင့်မားအောင် ကြိုးစားဆောင်ရွက်ကြရင်း ကျေးရွာ၊ ဒေသဖွံဖြိုး တိုးတက် အောင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထိုနောက် မကွေးတိုင်းဒေသကြီး၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးပွားရေး စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီး များက လုပ်ငန်းထူထောင်မည့် သင်တန်းသား၊ သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ် ချီးမြှင့်ခဲ့ပြီး၊ လုပ်ငန်းထူထောင်မည့် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကာ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ခင်းကျင်းပြသထားသည့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။